သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-19
တိုင်းရင်းသားနိုင်ငံရေးပါတီ (၈) ပါတီနဲ့ ဖဲ့ွစည်းထားတဲ့ “ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့- UNA” နဲ့၊ မဟာမိတ်အဖွဲ့တွေရဲ့ ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီနေ့စတင်ကျင်းပနေပါတယ်။
2015-02-19
ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသားပါတီပေါင်းစုံညီလာခံကို တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် ကိုးကန့်လူမှုအသင်း ခန်းမမှာ ကျင်းပခဲ့ပါတယ်။
2015-02-18
ရခိုင်ပြည်နယ် ကျေးလက်ဒေသတွေမှာ အလုပ်အကိုင်ရှားပါးမှုကြောင့် စစ်တွေမြို့ပေါ်ကို ပြောင်းရွှေ့ ပြီး ဆိုက္ကားနင်းဝင်ငွေရှာသူတွေ အခုနောက်ပိုင်း ပိုမိုများပြားလာနေပါတယ်။
2015-02-18
အစိုးရတပ်တွေနဲ့ မြန်မာနိုင်ငံလူမျိုးစုများဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစု (MNDAA) လို့အမည်ပေးထားတဲ့ ကိုးကန့်အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသမှာစစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။
2015-02-18
ရွှေပြည်သာနဲ့လှိုင်သာယာ စက်မှုဇုန်တွေ မှာ လစာတိုးပေးဖို့တောင်းဆို ဆန္ဒပြနေ တာတွေမှာ ဥပဒေချိုးဖေါက်မှုတွေရှိရင် အလုပ်ရှင်၊ အလုပ် သမားမခွဲခြားဘဲ အရေးယူမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့က သတိပေးကြေညာ လိုက်ပါတယ်။
2015-02-18
မျိုးစောင့်ဥပဒေကြမ်း ၄ ခုထဲက လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2015-02-18
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျောင်း သား ကျောင်းသူ ၃၀ နီးပါးလောက်က အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေကို ထောက်ခံ ဆန္ဒပြကြပါတယ်။
2015-02-18
ရန်ကုန်မြို့မြို့တော်ခန်းမဝင်ပေါက်ကို ပိတ်ဆို့ဆန္ဒပြခဲ့တဲ့အတွက် တရားစွဲဆိုခံ ထားရသူ မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြသူ ၁၄ ဦးကို ကျောက်တံတားမြို့နယ် တရားရုံး က ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
2015-02-18
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ကို ရောက်ရှိနေ တဲ့ ပညာရေးဥပဒေ သပိတ်မှောက်စစ်ကြောင်းဟာ သပိတ်ကို ဒီလ၂၆ ရက်နေ့ အထိ ယာယီရပ်နား လိုက်ပါတယ်။
2015-02-18
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်း မြို့နယ်ခွဲ ကပ်မှော်ဇွပ်ကျေးရွာအနီးမှာ အစိုးရစစ်ယာဉ်တန်း တိုက်ခိုက်ခံရတဲ့ အတွက် အနီးဝန်းကျင်က ခရီးသွားတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့က ပြော ပါတယ်။
2015-02-18
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပါတီခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့Park Royal ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-02-18
တိုင်းရင်းသားပါတီ ၈ ပါတီနဲ့ ဖဲ့ွစည်းထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖဲ့ွ UNA နဲ့ ဒုတိယအကြိမ်ညီလာခံ ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် က တော်ဝင်နှင်းဆီခန်းမမှာ ၃ ရက်ကြာကျင်းပနေပါတယ်။
2015-02-17
မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ ပြည်တွင်းက တရုတ်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်မှုရှိနိုင်တယ် လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။
2015-02-17
မြန်မာ့တပ်မတော်မှာ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့နောက်ကွယ်မှာ လက်ပံတောင်းတောင်၊ မြစ်ဆုံစတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေတွေအပေါ် မကျေနပ်မှုပယောဂတွေ ပါဝင်နိုင်တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။
2015-02-17
ရန်ကုန်တိုင်းထဲမှာ အလုပ်သမားတွေက လုပ်ခလစာ တိုးဖို့နဲ့ အလုပ်အသမားအခွင့်အရေး အပြည့်အဝ ရဖို့ တောင်းဆိုတဲ့သပိတ်တွေ ဖြစ်ပေါ်နေပါတယ်။