တောင်ကြီးမှာ ကျောင်းသားတွေ ဆန္ဒပြ
2015.02.18

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျောင်းသား ကျောင်း သူ ၃ဝ နီးပါးလောက်က အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေကို ထောက် ခံ ဆန္ဒပြကြပါတယ်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပြီးတဲ့အချိန်ထိ သပိတ်မှောက် မှာဖြစ်တယ်လို့ ဒီနေ့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ရှမ်းပြည်နယ် လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး ကိုဝင်းနိုင် ဦးက ပြောပါတယ်။
"ကျနော်တို့ ပင်မသပိတ်စစ်ကြောင်းကိုထောက်ခံ တဲ့ သဘောရယ်၊ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲကို အမြန် ဆုံး အကောင်အထည်ဖော်ပေးဖို့ပေါ့နော်၊ ဥပဒေ မူကြမ်းအမြန်ဆုံး အကောင်အထည်ဖော်ဆောင် ရွက်ပေးဖို့ အတည်ပြုနိုင်ရေးအတွက် ကျနော်တို့ ဒီသပိတ်ကိုစတာပါ၊ တောင်းဆိုထားတဲ့ ၁၁ ချက်ကို အတည်ပြုပြဌာန်းနိုင်ပြီးတော့ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးပေးလိုက်ပြီ၊ ဒီဥပဒေအတည်ဖြစ်ပြီဆိုတာနဲ့ ကျနော်တို့ ဒီသပိတ်ကို ရပ်နားမှာပါ"
ဆန္ဒပြပွဲမှာ ရှမ်းပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေအပြင် ကျောက်ဆည်၊ မန္တလေး နဲ့ ပြင်ဦးလွင် ခရိုင်က ကျောင်းသား ကျောင်းသူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
တောင်ကြီးကျောင်းသားသပိတ်ဟာ မန္တလေးကနေ ရန်ကုန်ကိုချီတက်နေတဲ့ ပင်မသပိတ်နဲ့ သွားရောက် ပူးပေါင်းမယ် လို့ ပြောပါတယ်။
ရှမ်းပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုဝင်းနိုင်ဦးကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။