သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-19
၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီရုံးချုပ်ကို ဗဟန်းမြို့နယ်က ရွှေဂုံတိုင်လမ်းဆုံမှာရှိတဲ့ ယုဇနတာဝါမှာ ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။
2018-11-19
မွတ်စလင်ဒုက္ခသည် ၁၀၆ ဦးကို စစ်တွေပြန်လည်ပို့ဆောင်တဲ့ အခြေအနေနဲ့ ပေါက်တောမြို့နယ် အနောက်ရဲဒုက္ခသည်စခန်းက မွတ်စလင် နှစ်ဦးကို လူကုန်ကူးမှု ကျူးလွန်သူတွေဆိုပြီး ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာမှာ သေနတ်ပစ်ဖောက်လူစုခွဲရတဲ့ အခြေအနေဖြစ်ပေါ်ခဲ့တာတွေကို RFA သတင်းထောက် ကိုအောင်သိင်္ခ က တင်ပြထားပါတယ်။
2018-11-19
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပန်းတိုင်ခြုံကျေးရွာက နာမကျန်း တိရစ္ဆာန်တွေ မွေးမြူထားတဲ့ ဘေးမဲ့တိရစ္ဆာန်ဥယျာဉ်တစ်ခုအကြောင်း RFA သတင်းထောက် မဝေမာထွန်းက ရိုက်ကူးတင်ဆက်ထားပါတယ်။
2018-11-18
၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီဟာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ မဟာမိတ်ဆက်ဆံရေး ထားရှိဆောင်ရွက်သွားမယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ဒီနေ့ ပြောလိုက်ပါတယ်။
2018-11-18
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ်ကနေ အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးအောင် အပါအဝင် ၃ ယောက်ကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈ (က) နဲ့ ဆိပ်ကမ်းရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
2018-11-18
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကိုရောက်ရှိနေတဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ခေါင်းဆောင်တွေဟာ ဒီနေ့မနက်က အလွတ်သဘော တေ့ွဆုံဆွေးနွေးခဲ့ကြပါတယ်။
2018-11-18
ကျောက်တန်းမြို့နယ်အနီးမှာ ဖမ်းဆီးမိခဲ့တဲ့ ဒုက္ခသည် ၁ဝ၆ ဦးကို လူမှောင်ခို တင်ပို့လိုက်သူတွေ ဆိုပြီး ရခိုင်ပြည်နယ် ပေါက်တောမြို့ အနောက်ရဲဒုက္ခသည်စခန်းက မွတ်စလင်နှစ်ဦးကို ရဲက ဝင်ရောက်ဖမ်းဆီးရာမှာ သေနတ်ဖောက် လူစုခွဲခဲ့တဲ့အတွက် ၄ ဦး သေနတ်ကျည် ထိမှန်ခဲ့ပါတယ်။
2018-11-18
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ-လားရှိုးကားလမ်းပေါ်က မန်ပြိန်းရွာတဝိုက်မှာ RCSS၊ TNLA နဲ့ SSPP တပ်တွေ မနေ့ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အရပ်သား အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ပါတယ်။
2018-11-18
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် လမူးရဲစခန်းကို ဒေသခံ ၅၀၀ လောက်က ဝိုင်းထားတာကြောင့် စခန်း လုံခြုံရေးအခြေအနေ စိုးရိမ်ဖွယ်ရှိနေကြောင်း အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
2018-11-17
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့တို့ဟာ အလွတ်သဘော ဆွေးနွေးပွဲတွေကနေတဆင့် တရားဝင်ဆွေးနွေးပွဲတွေကို အမြန်ဆုံး ပြန်သွားနိုင်ရေးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ ၃ နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2018-11-17
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ဦးဆောင်ပြီး ကျင်းပတဲ့ အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနက ခွင့်မပြုဘူးလို့ သိရပါတယ်။
2018-11-17
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့တို့ဟာ အလွတ်သဘောဆွေးနွေးပွဲတွေကနေတဆင့် တရားဝင်ဆွေးနွေးပွဲတွေကို အမြန်ဆုံး ပြန်သွားနိုင်ရေးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ ၃ နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2018-11-17
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ဖမ်းမိခဲ့တဲ့ ရခိုင်ပြည်နယ်ကနေ လှေနဲ့ ထွက်ပြေးလာတဲ့ မွတ်စလင် ဒုက္ခသည်တွေကို စစ်ဆေးနေပြီး လာရောက် လှူဒါန်းမှုတွေကို တားမြစ်ထားသလို သတင်းမီဒီယာတွေ သတင်းရယူခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။
2018-11-17
မြန်မာနိုင်ငံမှာ စွမ်းအင်ထုတ်ယူဖို့ ကြိုးစားနေတဲ့ အစီအစဉ်တွေဟာ ပြည်တွင်းသုံးစွဲမှုအတွက် မဟုတ်ဘဲ ပြည်ပနိုင်ငံတွေကို ရောင်းချဖို့ ဦးစားပေး ရေးဆွဲထားတဲ့ပုံစံ ဖြစ်နေတာကို တိုင်းနဲ့ပြည်နယ် ၁၄ ခုက အရပ်ဖက် အဖွဲ့အစည်း ၄၀ ခန့် စုပေါင်းပြီး ကန့်ကွက်လိုက်ပါတယ်။
2018-11-17
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ဖမ်းမိခဲ့တဲ့ ရခိုင်ပြည်နယ်ကနေ လှေနဲ့ ထွက်ပြေးလာတဲ့ မွတ်စလင် ဒုက္ခသည်တွေရဲ့ အချက်အလက်တွေကို စစ်ဆေးနေပြီး အစိုးရက သတင်းထုတ်ပြန်တာမရှိသလို သတင်းမီဒီယာတွေ သတင်းရယူခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။