သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-30
၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တပ်မတော်ဘက်က ပူးပေါင်းပါဝင်မယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
2016-06-30
မြန်မာနိုင်ငံ အစားအသောက် နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဈေးကွက်ထဲမှာရောင်းချနေတဲ့ စားသုံးဆီတွေကို မကြာခင်လိုက်လံစစ်ဆေးသွားမှာဖြစ်ပြီး စက်မှုထုတ်လုပ်ခွင့်လိုင်စင် နဲ့ စည်ပင်ခွင့်ပြုချက်လိုင်စင် မရှိဘဲ ရောင်းချနေတာတွေ စစ်ဆေးတေ့ွရှိရင် ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ပါတယ်။
2016-06-30
ရခိုင်ပြည်နယ်အစိုးရက ဖွဲ့စည်းထားတဲ့ နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦးနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးတို့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံ ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။
2016-06-30
ဗကသ လို့ခေါ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ တက္ကသိုလ်သမဂ္ဂများ နှီးနှောဖလှယ်ပွဲကို ပဲခူးမြို့နယ် ကျောက်တန်းကျေးရွာ၊ ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပညာဒါနကျောင်းမှာ ဇူလိုင်လ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒီနှီးနှောဖလှယ်ပွဲနဲ့ ပတ်သက်လို့ ဗကသအဖွဲ့ရဲ့ ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဌ ကိုကျော်ကိုကို ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-06-30
7 Day သတင်းစာကို စစ်တပ်က တောင်းပန်ခိုင်းပြီး အမှုရုပ်သိမ်းပေးလိုက်တဲ့ကိစ္စအပါအဝင် လက်ရှိအစိုးရလက်ထက် သတင်းလွတ်လပ်ခွင့် နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ BMA မြန်မာသတင်းသမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့် ကို RFA ဝိုင်းတော်သား ကိုရဲစည်သူကာ ဆက်သွယ်မေးမြန်းထားပါတယ်။
2016-06-29
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ လာမယ့် ဇူလိုင်လဆန်းကျင်းပမယ့် ကုလသမဂ္ဂ အမျိုးသမီးများ ခွဲခြားဆက်ဆံမှုပပျောက်ရေး စီးဒေါ အစည်းအဝေးမှာ မြန်မာနိုင်ငံက အစိုးရမဟုတ်တဲ့ အမျိုးသမီးအဖွဲ့ ၅ ဖွဲ့ တက်ရောက်မှာဖြစ်ပြီး၊ မြန်မာနိုင်ငံ တွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု၊ အကာအကွယ် ကင်းမဲ့မှုနဲ့ အခွင့်အလမ်း တန်းတူညီမျှ မရရှိမှုတွေကို တင်ပြမယ်လို့ အဲ့ဒီအဖွဲ့တွေက ဒီနေ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
2016-06-29
ရခိုင်ပြည်နယ်အစိုးရက ဖွဲ့စည်းထား တဲ့ နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့် ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ မှာ ဒေသခံတွေ ပါဝင်ခွင့်မရတဲ့အတွက် ကန့်ကွက်ကြောင်း ဘူးသီးတောင်မြို့နယ်မှာ ဒေသခံတွေက စုပေါင်းလက် မှတ်ရေးထိုးကြပါတယ်။
2016-06-29
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အပြီး ထိုင်းအရာရှိ ၂၃ ဦး ရာထူးကနေ ယာယီဖယ်ရှားခံရတာဟာ လူကုန်ကူးမှုတွေ မှာ ပါဝင်ပတ်သက်နေတာကြောင့်ဖြစ် ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်မှု မရှိကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ General Prawit Wongsuwon က ပြောပါတယ်။
2016-06-29
7 Day သတင်းစာ အယ်ဒီတာချုပ် နဲ့ သတင်းထောက်ကို တပ်မတော်က ကမာရွတ်မြို့နယ်ရဲစခန်းမှာ တရားစွဲဆို ထားတာကို တရားစွဲဆိုသူ ဒုတိယ ဗိုလ်မှူးကြီး လင်းထွန်းက ဒီနေ့ ပြန်လည်ရုပ်သိမ်းလိုက် ပါတယ်။
2016-06-29
လာမယ့် သြဂုတ်လမှာကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် တပ်မတော်ဘက်က အတတ်နိုင် ဆုံး ပူးပေါင်းပါဝင်မယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် က ပြောပါတယ်။
2016-06-29
ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းတွေ မှာ ရောက်ရှိနေတဲ့ မြန်မာတွေကို နေရပ် ကို ပြန်လည်ခေါ်ဆောင်နိုင်ဖို့အတွက် နှစ်နိုင်ငံအစိုးရ အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2016-06-29
ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရခိုင်တိုင်းရင်း သား ၅၀ လောက်က အစိုးရက သတ်မှတ် ထားတဲ့ ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်း ဆိုတဲ့အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။
2016-06-29
ယာယီရွှေ့ပြောင်းနေထိုင်သူတွေမဟုတ်ဘဲ အပြီးတိုင်ရွှေ့ပြောင်းနေထိုင်သူတွေကိုသာ အစိုးရက အိမ်ထောင်စုစာရင်းချထားပေး သွားမှာဖြစ်တယ်လို့ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး ဦးဝဏ္ဏကျော် က ဒီနေ့ ပြည်နယ်လွှတ်တော်မှာ တင်ပြပါတယ်။
2016-06-29
စက်မှုထုတ်လုပ်ခွင့်လိုင်စင်နဲ့ စည်ပင်ခွင့်ပြု ချက်လိုင်စင် မရှိဘဲ ဈေးကွက်ထဲမှာ စားသုံး ဆီ ရောင်းချနေသူတွေကို စည်ပင်ဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေတွေနဲ့ အရေးယူသွားမယ် လို့ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA က ပြောပါတယ်။
2016-06-29
စစ်ကိုင်းမြို့က Myanmar Veneer သစ် အချောထည်စက်ရုံက ဖမ်းဆီးခံထားရသူ ၁၂ ဦးကို နေပြည်တော် တပ်ကုန်းမြို့နယ် တရားရုံးထုတ်မှာ လက်ထိပ်ခတ် မခံတဲ့အတွက်ဆိုပြီး ရဲတပ် ဖွဲ့နဲ့ ထောင်ဝန်ထမ်းတွေက ရိုက်နှက်တယ်လို့ အလုပ် သမားတွေက ပြောပါတယ်။