နိုင်ငံသား စစ်ဆေးရေးအဖွဲ့ ရခိုင်ပြည်နယ် အမတ်တွေ ကန့်ကွက်
2016.06.30
ရခိုင်ပြည်နယ်အစိုးရက ဖွဲ့စည်းထားတဲ့ နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦးနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးတို့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံ ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။ ဒီစာပေးပို့တာနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇော်ဦး ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။