ပင်လုံညီလာခံ အောင်မြင်ရေး တပ်မတော် ပူးပေါင်းပါဝင်မယ်


2016.06.29
minaunghlaing-ppst-620.jpg ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့တို့ ဇွန်လ ၂၉ ရက်နေ့က နေပြည်တော် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံဆွေးနွေးစဉ်
Photo: Senior General Min Aung Hlaing/ Faceboo

လာမယ့် သြဂုတ်လမှာကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တပ်မတော်ဘက် က အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်မယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

ဒီနေ့ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ က ခေါင်းဆောင်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ် တို့ နေပြည်တော်မှာတွေ့ဆုံစဉ် ပြောလိုက်တာလို့ ရခိုင်လွတ်မြောက်ရေးပါတီ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း က ေပြာပါတယ်။

"ဒီမိုကရေစီဖြစ်စဉ်အပေါ်မှာတော့ သူကအပြည့်အဝပဲ တာဝန်ရှိတယ်၊ အပြည့်အဝပဲ ကူညီသွားဖို့ သူများတွေ ထင်နေသလို သူတို့က မဟုတ်တဲ့အကြောင်းတွေကိုလည်း ရှင်းပြတယ်၊ အခုဆွေးနွေးကြတာကတော့ အတတ်နိုင်ဆုံး ပွင့်ပွင့်လင်းလင်းနဲ့ ရင်းရင်းနှီးနှီး အသွင်သဏ္ဍန်မျိုးရှိပါတယ်၊ တပ်မတော်ဘက်ကလည်း ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်ပေါ်လာဖို့အတွက်ပဲပြောပြော ကျမတို့သုံးနေကြတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဖြစ်ပေါ်လာဖို့အတွက်  တပ်မတော်ဘက်က အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်သွားဖို့ပြောပါတယ်"

NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ပင်လုံညီလာခံမှာ ပါဝင်လာနိုင်ဖို့ အတွက် တင်ပြခဲ့ရာမှာ ကာကွယ်ရေးဦးစီးချုပ်က NCA လက်မှတ်ထိုးမယ်ဆိုရင်တော့ ကြိုဆိုတယ်လို့ ပြော ခဲ့ကြောင်း ပြောပါတယ်။

လာမယ့် ဇူလိုင်လဆန်းပိုင်းအတွင်း NCA လက်မှတ်မထိုးရသေးတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ခေါင်းဆောင်တွေဟာ အစိုးရနဲ့ လာရောက်တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။