သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-02-27
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ စက်မှုဇုန် ၃ က YES အထည်ချုပ် စက်ရုံက အလုပ်သမားတစ်ထောင်ကျော် ဟာ နေ့စဉ်ကြေးတိုးပေးဖို့ စက်ရုံအတွင်းမှာ ၃ ရက်မြောက်နေ့ အဖြစ် တောင်းဆိုဆန္ဒပြနေကြပါတယ်။
2014-02-27
အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဥပဒေ ၄ ရပ် ပြဌာန်းပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံ အကြောင်းကြားစာပေးပို့ခဲ့ရာမှာ နာယက ဦးရွှေမန်းက အဲဒီ ဥပဒေ ၄ ရပ် ပြဌာန်းနိုင်ဖို့ သက်ဆိုင်ရာ အစိုးရဝန်ကြီး ဌာနတွေက ဥပဒေမူကြမ်းတွေ အရင်ရေးဆွဲပြီး ပြည်ထောင် စု အစိုးရအဖွဲ့ရဲ့ စိစစ်ချက်နဲ့ ပြန်လည်တင်ပြဖို့ အကြောင်း ကြားလိုက်ပါတယ်။
2014-02-27
လွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ အတြည်ပုခဲ့တဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုလိုက်ကြောင်း ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
2014-02-27
နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ ရခိုင်ပြည်နယ်က ကျန်းမာရေးစောင့်ရှောက်မှု စီမံကိန်းအားလုံးကို မနေ့က စပြီး ရပ်ဆိုင်းလိုက်ဖို့ MSF အဖွဲ့ တာဝန်ရှိသူတွေ ဆီ ပြောကြားထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒီနေ့ အတည်ပြုပြောပါတယ်။
2014-02-27
တနင်္သာရီတိုင်း ဒေသကြီးအတွင်း သဘာဝဓာတ်ငွေ့ကနေ ထုတ်ယူတဲ့ လျှပ်စစ်ဓာတ်အားကို ဈေးနှုန်းသက်သက်သာသာနဲ့ သုံးစွဲခွင့်ရရှိဖို့အတွက် လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုတွေ စတင်နေပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2014-02-27
တရုတ် ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ မကွေးတိုင်း ငဖဲမြို့နယ်မှာ ဒေသခံတွေကို နစ်နာကြေးတွေ ပေးလျော်ပြီးပြီလို့ ကြေညာထားပေမယ့် ငဖဲမြို့နယ်က တောင်သူတွေ အခုချိန်အထိ လျော်ကြေးမရရှိသေးဘူးလို့ သိရပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2014-02-27
ကချင်တိုင်းရင်းသားပါတီတွေ ပေါင်းစည်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေး တက်ရောက်ခဲ့တဲ့ ကချင်ပါတီခေါင်းဆောင်တွေရဲ့ အမြင်တွေနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။
2014-02-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီလ ၂၅ ရက်၊ မနေ့က ပြည်ထောင်စုလွှတ်တော်ကို လာရောက်လေ့လာတဲ့ ဒဂုံတက္ကသိုလ် ဥပဒေဌာနက ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားပါတယ်။
2014-02-27
၂ဝ၁၄ သန်းခေါင်စာရင်း ကောက်ယူမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးခင်ရီနဲ့ တိုင်းရင်းသားအရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ နေပြည်တော် Mount Pleasant Hotel မှာ ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-02-26
မြန်မာနိုင်ငံက မီဒီယာလုပ်ငန်းတွေမှာ တိုးတက်မူတွေ မြင်နေရတယ်ဆိုပေမဲ့ ဆက်လက်ရှင်သန်ဖို့ အကူအညီတွေ လိုနေသေးတယ်လို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဝါရှင်တန် ဒီစီမြို့မှာကျင်းပတဲ့ စာတန်းဖတ်ပွဲမှာ အမေရိကန် သုတေ သီတွေက ပြောသွားပါတယ်။
2014-02-26
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရာမှာ နိုင်ငံပေါင်း ၁၄ နိုင်ငံက ပညာရှင်တွေနဲ့ ပူးပေါင်းပြီး လူ့အခွင့်အရေး စံချိန်စံညွှန်းတွေ နဲ့အညီ သန်းခေါင်စာရင်း ကောက်ယူမှုပုံံစံကို ဆောင်ရွက်ခဲ့ တာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဒီနေ့ ပြောလိုက် ပါတယ်။
2014-02-26
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့မှာ လယ်ယာမြေအရေးအတွက် သပိတ်စခန်း ဖွင့် ဆန္ဒပြတာကို အင်အားသုံးဖြေရှင်းခဲ့တဲ့ သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့က တာဝန်ရှိ သူတွေကို အရေးယူပေးဖို့ ဒီနေ့ သဲကုန်းမြို့နယ် အောင် ကုန်းကျေးရွာမှာ လယ်သမားတွေက တောင်းဆိုလိုက် ပါတယ်။
2014-02-26
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော် မရှင်သစ်အနေနဲ့ မြန်မာနိုင်ငံတဝှမ်းက အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေကို လွတ်လပ် စွာ ဖော်ထုတ်စုံစမ်းနိုင်မယ်လို့ ယုံကြည်ထားကြောင်း ကော် မရှင်ရဲ့ အတွင်းရေးမှူးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2014-02-26
ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေက ပန်းခြံတွေကို ပြည်သူတွေ လွတ်လပ်စွာပြောဆိုနိုင် တဲ့ နေရာတွေအဖြစ် သတ်မှတ်ပေးဖို့ အစီအစဉ် ရှိ မရှိ ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးမြန်းရာမှာ အစီအစဉ်မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြန်လည်ဖြေ ကြားပါတယ်။
2014-02-26
မြန်မာနိုင်ငံက သဘာဝသယံဇာတတွေ အိမ်နီးချင်း တရုတ်နိုင်ငံကို တရားမဝင် ရောက်ရှိနေတာတွေနဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်နဲ့ ပြန်လည်ဖြေကြားခဲ့တဲ့ ဝန်ကြီး တစ်ဦးကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း က ဒီနေ့ သတိပေးစကား ပြောကြားခဲ့ပါတယ်။