သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-11-28
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေ အနေနဲ့ Social Networking လို့ခေါ်တဲ့ ဆက်သွယ်ရေး ကွန်ရက်တခု ထူထောင်ရေးကို ထောက်ခံ အားပေးတယ်လို့ ပြောဆိုခဲ့တာနဲ့ ဆက်စပ်ပြီး အဲဒီ ဆက်သွယ်ရေးကွန်ရက်တွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ပြည်ပရောက် မြန်မာလူငယ်တွေနဲ့ ဆွေးနွေး တင်ပြထားပါတယ်။
2010-11-27
ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသား ကိုထင်ကျော်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး မြန်မာ့အရေးကိုဖြေရှင်းဖို့ အကျဉ်းထောင်ထဲကနေ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။
2010-11-27
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားတို့ ဒီကနေ့ ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါတယ်။
2010-11-26
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။
2010-11-26
နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ စစ်အစိုးရ မတရား ပြုလုပ်ခဲ့တာတွေကို မှတ်တမ်းတင်တဲ့ အဖွဲ့တဖွဲ့က ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ပါတယ်။
2010-11-26
“လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ကို အာအက်ဖ်အေက အပတ်စဉ် သောကြာနေ့ ညတိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။ မေးမြန်းလိုသူတွေ အနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီ ရုံးချုပ်ကို တိုက်ရိုက် ပေးပို့နိုင်သလို၊ အာအက်ဖ်အေကိုလည်း အင်တာနက်ကနေ ပေးပို့ နိုင်ပါတယ်။ အာအက်ဖ်အေ အီးမေးလ် လိပ်စာကတော့ burmese@rfa.org ဖြစ်ပါတယ်။
2010-11-26
မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဘက် နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ အာစီယံနိုင်ငံတွေ အနေနဲ့ မြန်မာစစ်အစိုးရကို ထောက်ခံမှုပေးနေ တာကို ရပ်တန့်ပြီး မြန်မာနိုင်ငံမှာ အပြုသဘော ဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်ထွန်းလာအောင် ဖိအားပေးကြဖို့ ဥရောပ ပါလီမန် အမတ်တွေက တောင်းဆိုလိုက်ပါတယ်။
2010-11-26
စစ်အစိုးရ ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတင်ဖို့ ကြိုးစားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံကြောင်း New York Times သတင်းစာရဲ့ ဖော်ပြချက်ကို အာအက်ဖ်အေက ထုတ်လွှင့်ခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မိမိ အဲဒီလို ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
2010-11-24
ရခိုင် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP က ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေ စစ်အစိုးရဝန်ကြီးတွေနဲ့ဒီနေ့တွေ့ဆုံတယ်လို့သိရပါတယ်။
2010-11-24
အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် အရွေးခံခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီက ကိုယ်စားလှယ်လောင်း တဦးဟာ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ မဲလိမ်မှု၊ ပယ်ဖျက်မဲ လုပ်တာတွေ နဲ့ မဲရုံစောင့်သူတွေက မဖွယ်မရာ ပြုတဲ့ ပုဒ်မတွေနဲ့ တရားစွဲလိုက်တယ်လို့ သိရပါတယ်။
2010-11-24
နိုဝင်ဘာ ၁၇ ရက်က ဒေါ်အောင်ဆန်းစုကြည် လာရောက် ကြည့်ရှုခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ရန်ကုန်တိုင်း တောင်ဒဂုံမှာ ဖွင့်လစ်ထားတဲ့ HIV-AIDS လူနာတွေထားတဲ့ ဂေဟာဟာ ပတ်ဝန်းကျင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အတွက် ဖယ်ရှားပေးဖို့ အမိန့်ပေးထားကြောင်း စစ်အစိုးရ သတင်းစာတွေမှာ ဒီကနေ့ ရေးသား ဖေါ်ပြထားပါတယ်။
2010-11-24
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက သားငယ် ကိုထိန်လင်း (Kim Aris) နဲ့အတူ ရွှေတိဂုံ ဘုရားကို သွားရောက် ဖူးမျှော်ခဲ့ပြီး အပြန်မှာ ရန်ကင်း တိုက်သစ်မှာ နေထိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကို ဦးအောင်သန်း ကွယ်လွန်ခဲ့တာ ၁၉ နှစ်ပြည့် ဆွမ်းကြွေးကို သွားခဲ့တယ်လို့ သိရပါတယ်။
2010-11-24
အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေအပေါ် အားပေးထောက်ခံ တာမျိုး မရှိတဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ထုတ်ဝေတဲ့ India Express သတင်းစာနဲ့ တွေ့ဆုံမေးမြန်း ရာမှာ အခုလို ဖြေကြားတာဖြစ်တယ်လို့ သတင်းစာက ဒီကနေ့မှာ ရေးသားပါတယ်။
2010-11-23
ဗီဒီယို သတင်း - မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က (၁၀) နှစ်ကျော်ကြာ ခွဲခွါခဲ့ရတဲ့ သားငယ် ကိုထိန်လင်းကို ရန်ကုန် လေဆိပ်မှာ သွားရောက် ကြိုဆိုခဲ့ပုံ။