သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-30
အောက်တိုဘာလ ၂၃ ရက်နေ့ကနေ ၂၉ ရက်နေ့ ထိ တစ်ပတ်ကြာ ကျင်းပပြီးစီးခဲ့တဲ့ KNU ဗဟို ကော် မတီ အရေးပေါ်အစည်းကနေ ကော်သူလေး တပ်မတော် KAF ဖ့ွဲစည်းမှုကိုမူအားဖြင့် ထောက်ခံ တဲ့အကြောင်းနဲ့ UNFC ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီနဲ့ ပူးပေါင်းမှုကို ယာယီရပ်ဆိုင်းထားဦးမယ် ဆိုတဲ့အကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
2014-10-30
ကာကွယ်ရေးဝန်ကြီးဌာနက ၂ဝ၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ထပ်တိုးဘတ်ဂျက် တောင်းခံခဲ့တာနဲ့ ပတ်သက်ပြီး၊ လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းဝါနုက အဲဒီတောင်းခံငွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘတ်ဂျက်အတွက်ပြောင်းလဲပေးဖို့ အောက်တိုဘာလ၂၉ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးမှာ တင်ပြခဲ့ပါတယ်။
2014-10-30
ဒီမိုကရေစီရေးစဉ်ဆက်မပြတ်လှုပ်ရှားမူ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို ကျောက်တံတား တရားရုံးက ပုဒ်မ ၅၀၅( ခ)/ ၃၄ နိုင်ငံတော်အကြည် ညိုပျက်စေအောင် ပူးပေါင်းကြံ စည်မူနဲ့ထောင်ဒဏ် ၂ နှစ် ဒီနေ့ ချမှတ်လိုက်ပါတယ်။
2014-10-30
မကွေးတိုင်းမှာ နိုင်ငံရေးနဲ့လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို ဒေသခံ အာဏာပိုင်တွေက ပုဒ်မ အမျိုးမျိုးနဲ့ တရားစွဲဆိုနေတာဟာ သိသိသာသာများပြားလာနေတယ်လို့သိရပါတယ်။
2014-10-30
ကလေးစစ်သားအသုံးပြုမူ ပပျောက်ရေးအတွက် မြန်မာအစိုးရ နဲ့ကုလသမဂ္ဂအဖွဲ့ အစည်းတွေ အကြား သဘောတူစာချုပ်တွေရှိခဲ့ပြီး လက်တွေ့မှာ ကလေးစစ်သားတွေကို တပ်မတော်က မိဘတွေထံပြန်လည်အပ်နှံနေပေ မယ့် အရေအတွက်ဟာ နည်းနေသေး တယ်လို့ ပြောကြပါတယ်။
2014-10-30
တရုတ်နိုင်ငံ ဟောင်ကောင်မှာ ပူလစ်ဇာဆုရှင်တွေရဲ့ တွေ့ဆုံပြီး စာပေနဲ့စာနယ်ဇင်း အရေးသားဆိုင်ရာ ဆွေးနွေးပွဲတခု ကျင်းပခဲ့တဲ့အကြောင်း ဟောင်ကောင်မှာ ရောက်နေတဲ့ မခက်မာက ဆက်ပြီး တင်ပြပေးမှာပါ။
2014-10-30
မျိုးစောင့်ဥပဒေပြဌာန်းပေးဖို့ မန္တလေးမှာရှိတဲ့ ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေနဲ့ မျိုးစောင့်ဥပဒေ ပြဌာန်းရေးလိုလားသူတွေက အောက်တိုဘာ ၃၀ ရက်နေ့က စီတန်းဆန္ဒပြခဲ့ကြပါတယ်။ ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-10-30
မြန်မာနိုင်ငံတောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ်မြောက် ညီလာခံ ကို ဒီကနေ့ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်ခန်းမမှာ ကျင်းပခဲ့ပြီး ညီလာခံမှာ သမဂ္ဂအဖွဲ့ဝင် လယ် သမား တွေရဲ့အခက်အခဲတွေ ကို ဖြေရှင်းပေးနိုင်ဖို့အတွက် ဆွေးနွေးနေကြပါတယ်။
2014-10-30
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်ငိုင်ယန်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က နဝမတန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးခဲ့ရတဲ့ အမှုကိုဖော်ထုတ်ပြီး ကျူးလွန် သူကို အရေးယူပေးဖို့ မိသားစုဝင်တွေက မြစ်ကြီးနားမြို့ သီတာနှစ်ခြင်း ခရစ်ယာန်အသင်းတော်ခန်းမမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။
2014-10-30
ကရင်ပြည်နယ် ဘားအံနဲ့ လှိုင်းဘွဲ့ မြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့သူတွေထဲက ဦးဆောင် သူတွေဖြစ်တဲ့ ၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်း အရုံးအဖွဲ့ဝင် ၄ ဦးကို တရားမဝင်စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ဘားအံမြို့နယ်တရားရုံးက မနေ့ က ထောင်ဒဏ် ၄ လစီ ချမှတ်ခဲ့ပါတယ်။
2014-10-30
အိန္ဒိယနိုင်ငံကို အခုရက်ပိုင်း ဝင်ရောက် ဖွယ်ရှိတဲ့ ဆိုက်ကလုန်း မုန်တိုင်းကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့အတွက် စပါးရိတ် သိမ်းနေကြတဲ့ လယ်သမားတွေ သတိထားကြဖို့ မိုးလေ ဝသပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထား ပါတယ်။
2014-10-30
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံရမှုနဲ့ စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို မြန်မာသံရုံး ဒုတိယစစ်သံမှူး ဦးဆောင်တဲ့ အထူး ကိုယ်စားလှယ်အဖွဲ့က မနက်ဖြန် ကော့စမွီအကျဉ်းထောင်မှာ တတိယအကြိမ်မြောက် သွားရောက်တွေ့ဆုံမယ်လို့ သိရ ပါတယ်။
2014-10-30
ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် တရားရုံးက ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော် ကို နိုင်ငံတော်အကြည်ညိုပျက်စေအောင် ပူးပေါင်းကြံစဉ်မှု နဲ့ ထောင်ဒဏ် ၂ နှစ် ဒီနေ့ ချမှတ်လိုက်ပါတယ်။
2014-10-30
အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ ကိစ္စအတွက် မြန်မာအစိုးရ အလုံးစုံတာဝန်ယူဆောင် ရွက်ပေးဖို့ လိုအပ်ကြောင်း ပြင်သစ်နိုင်ငံအခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပြောလိုက်ပါ တယ်။
2014-10-30
မျိုးစောင့်ဥပဒေတွေကို အမြန် ဆုံးပြဌာန်းပေးဖို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)က သံဃာတော်တွေ၊ သီလရှင်တွေနဲ့ စစ်ကိုင်းနဲ့ မိတ္ထီလာမြို့က အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ဝင်တချို့က ဒီကနေ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။