သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-21
အစိုးရစစ်တပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် KIA ဗိုလ်လောင်းသင်တန်းသား ၂၀ ကျော်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းစဉ်လုပ်ငန်းစဉ်တွေကိုရော၊ ဖဲ့ွစည်းပုံပြင်ဆင်ရေးကိစ္စတွေကိုပါ ထိခိုက်မှုရှိနိုင်တယ်လို့ ၈၈ မျိူးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သုံးသပ်လိုက်ပါတယ်။
2014-11-21
၂ဝဝ၈ အခြေခံဥပဒေကို နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်းတဲ့ နည်းလမ်းကလွဲလို့ လွှတ်တော်တွင်းက ကြိုးပမ်းတဲ့ နည်းလမ်းနဲ့ရော၊ တခြား ဘယ်လိုနည်းလမ်းနဲ့မှပါ ပြင်ဆင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဒီကနေ့ ပြောလိုက်ပါတယ်။
2014-11-21
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ရက်နေ့က အစိုးရစစ်တပ်က KIA သင်တန်းကျောင်းကို လက်နက်ကြီးနဲ့ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တပ်မတော်က ရှင်းလင်းချက်ဟာအဖြစ်မှန်နဲ့ ကွဲလွဲနေပြီး ထုတ်ပြန်ချက်ပါ စာသားတွေအရ ညှိနှိုင်းဆွေးနွေးလိုတဲ့ သဘောထားမရှိ တာကို တွေ့ရတယ်လို့ KIO ကချင်လွတ်မြောက်ရေး အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးလာနန်းက RFA ကိုပြော ပါတယ်။
2014-11-21
အမျိုးသားပညာရေး ဥပဒေနဲ့ပတ်သက်ပြီး သပိတ်မှောက် တက္ကသိုလ်ကျောင်း သား ကျောင်းသူတွေအနေနဲ့ နိုင်ငံတော်သမ္မတရဲ့ ပညာရေးအကြံပေး ပညာရှင်အဖွဲ့အပါအဝင် ပညာရေး အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်ဆွေးနွေးဖို့လိုအပ်ကြောင်း ဒီနေ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။
2014-11-21
ကေအိုင်အို စစ်သင်တန်းကျောင်း က သေဆုံးခဲ့သူ ဗိုလ်လောင်း ၂၃ ဦး ဟာ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေမဟုတ်ပဲ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ရခိုင်တပ်မတော်၊ ချင်းအမျိုးသားတပ်ဦးနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။
2014-11-21
ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာဟာ တပ်မတော်ဖက်က အကြိမ်ကြိမ် သတိပေးတာကို မလိုက်နာတဲ့အတွက် တန်ပြန် သတိပေးပစ်ခတ် တာဖြစ်ကြောင်း တပ်မတော်ဘက် က မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
2014-11-21
ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂ဝ၁၅ ရွေးကောက်ပွဲ ပြီးမှသာ ပြင်ဆင်နိုင်မယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုဝင်ဘာလ ၁၈ ရက်နေ့ က ပြောလိုက်ပါတယ်။ လုပ်ငန်းစဉ်အရ ဦးရွှေမန်းပြောတာ မှန်ကန်ပေမယ့်၊ ရွေးကောက်ပွဲ မတိုင်ခင် ပြင်ဆင်လို့မရဘူးဆိုတာကိုတော့ နားလည်ရခက်တယ်လို့ ၈၈ မျိုးဆက်အဖွဲ့က ဦးကိုကိုကြီးက ပြောပါတယ်။
2014-11-21
၇ ကြိမ်မြောက် အာဆီယံ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အစည်းအဝေးကို နေပြည်တော် Lake View Hotel မှာ ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ကျင်းပပါတယ်။
2014-11-21
ကယားပြည်နယ်က ဒေသခံပြည်သူတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို အစိုးရထံ တင်ပြနိုင်ဖို့အတွက် ပြည်သူ့ဖိုရမ်ကို လွိုင်ကော်မြို့မှာ ကျင်းပနေပါတယ်။ ဒီကနေ့ အစည်းအဝေး ဒုတိယနေ့မှာ ဆွေးနွေးခဲ့ကြတာတွေနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-11-20
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း စုကြည်” အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2014-11-20
ရန်ကုန်တိုင်း အလုံမြို့နယ် တဖက်ကမ်းမှာနေ တဲ့ ပြည်သူတွေနဲ့ကျောင်းသူ/ကျောင်းသားတွေ အသုံးပြုနေတဲ့ ကူးတို့ဆိပ်ကမ်းကို တပ်မတော်ပိုင် MEC ကုမ္ပဏီက ပိတ်လိုက်တဲ့အတွက် သွားလာရေး အခက်တွေ့နေတာ ၅ ရက်ရှိပြီဖြစ်ပါတယ်။
2014-11-20
၇ ကြိမ်မြောက်ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အာဆီယံအစည်းအဝေးကို နေပြည်တော် Lake view hotel မှာကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးကို အာဆီယံ ၁ဝ နိုင်ငံက ရွှေ့ပြောင်းအလုပ် သမားဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁ဝဝ ကျော်တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
2014-11-20
နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ကို သံဃာထုက ရွေးချယ်တင်မြှောက်တဲ့ သံဃာ့အဖွဲ့အစည်း ဖြစ်ဖို့အတွက် သံဃာတော်တွေ စုပေါင်းတောင်းဆိုတဲ့ လက်မှတ်တွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဒီဇင်ဘာလကုန်အထိ ကောက်ခံသွားမယ်လို့ သိရပါတယ်။
2014-11-20
နိုဝင်ဘာ ၁၉ ရက်နေ့က ခရာဘွမ် အခြေစိုက် မြန်မာ့တပ်မတော်တပ်ရင်း ၃၈၉ က ဝိုင်ကျိုင်ဘွမ် အခြေစိုက် ကချင်လွတ်လပ်ရေးတပ်မတော် KIA အရာရှိသင်တန်းကျောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဟာ ရည်ရွယ်ချက်ရှိရှိ ကြံစည်ဆာင်ရွက်မှုဖြစ်ပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီး ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချလိုက်ပါတယ်။
2014-11-20
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ် သမားနှစ်ဦးအတွက် ဘတ်ငွေ ၅သိန်းနဲ့ အာမခံလျှောက် ထားနိုင်ကြောင်း Koh Samuei ခရိုင် တရားသူကြီးက ဒီနေ့ ပြောလိုက်ပါတယ်။