အခြေခံဥပဒေပြင်ဆင်ရေး ၈၈ ဦးကိုကိုကြီး
2014.11.21
ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂ဝ၁၅ ရွေးကောက်ပွဲပြီးမှသာ ပြင်ဆင်နိုင်မယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောလိုက်ပါတယ်။ လုပ်ငန်းစဉ်အရ ဦးရွှေမန်းပြောတာ မှန်ကန်ပေမယ့်၊ ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင်လို့မရဘူးဆိုတာကိုတော့ နားလည်ရခက်တယ်လို့ ၈၈ မျိုးဆက်အဖွဲ့က ဦးကိုကိုကြီးက ပြောပါတယ်။ ဦးကိုကိုကြီးကို RFA သတင်းထောက် ကိုကျော်သူက တွေ့ဆုံမေးမြန်း ထားပါတယ်။