သေဆုံးသူ ဗိုလ်လောင်း ၂၃ ဦးထဲမှာ ကေအိုင်အေတစ်ဦးမှ မပါဝင်


2014.11.21
fallen-ethnic-soldiers-305.jpg ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းတက်နေတဲ့ သင်တန်းသားမျာနဲ့ သင်တန်းဆရာတွေကို အစိုးရတပ်ရဲ့ လက်နက်ကြီးကျည် မပစ်ခတ်မီ ရက်အနည်းငယ်တုန်း က တွေ့စဉ်
Photo: Jade Land Kachin

ကေအိုင်အို စစ်သင်တန်းကျောင်းက သေဆုံးခဲ့သူ ဗိုလ်လောင်း ၂၃ ဦးဟာ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ မဟုတ်ပဲ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ရခိုင်တပ်မတော်၊ ချင်းအမျိုးသား တပ်ဦးနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

တပ်မတော်ရဲ့ ပစ်ခတ်မှုဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ယုံကြည်မှု တည်ဆောက်နေတာကို အဟန့်အတားဖြစ်စေတယ်လို့ ဗိုလ်လောင်း ၁၁ ဦးဆုံးရှုံးခဲ့တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ဒုတိယပြန်ကြားရေးမှူး ဗိုလ်ကြီး တာပန်လှက ပြော ပါတယ်။

"သင်တန်းကျောင်းတက်နေတဲ့အထဲမှာ ၂၃ ဦး ကျဆုံး သွားတယ်၊ အစိုးရဖက်ကပဲ အကြောင်းမဲ့ပစ်ခတ်တယ်၊ ယုံကြည်မှုတည်ဆောက်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သွားနေတဲ့အချိန်မှာ ဒါမျိုးဖြစ်တာတော့ အနှောင့်အယှက် အဟန့်အတားတွေ အများကြီးဖြစ်စေပါတယ်"

အစိုးရစစ်တပ်ရဲ့ ပစ်ခတ်မှုဟာ စစ်ရာဇဝတ်မှုဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ ရခိုင့်တပ်မတော်က ဒီကနေ့ ကြေညာချက် ထုတ်ခဲ့ပါတယ်။

အစိုးရစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်က ၁၁ ဦး၊ ရခိုင့်တပ်မတော်က ၈ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက ၂ ဦးနဲ့ ချင်းအမျိုးသားတပ်ဦးက ၂ ဦး သေဆုံး ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။