သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-01-22
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS ကို ရွေးကောက်ပွဲကော်မရှင်မှာ ပြန်လည်မှတ်ပုံတင်ရာမှာ တချိန်က ပါတီကို ခေါင်းဆောင်ခဲ့သူတွေက ကန့်ကွက်နေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မှတ်ပုံတင်လျှောက်ထားတဲ့ လက်ရှိပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကို RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်းထား ပါတယ်။
2014-01-22
ရခိုင်စာပေသမိုင်းမှာ ထင်ရှားတဲ့ မြောက်ဦးမြို့က သမိုင်းပညာရှင် ဦးကျော်ထွန်းအောင် ကွယ်လွန်သွားတဲ့အပေါ် စစ်တွေမြို့ခံ ရခိုင်စာပေ အသိုင်းအဝိုင်းက ဝမ်းနည်းခြင်းအထိမ်းအမှတ် ဆုတောင်းပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က စစ်တွေမြို့ "ဂြစ်ဖ" ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2014-01-22
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံကို KNU ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ လော်ခီးလာ (ခေါ်) လေးဝါးစခန်းမှာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပနေပါတယ်။ RFA ဝိုင်းတော်သူ မခက်မာက တင်ပြထားပါတယ်။
2014-01-22
"လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင်" အစီရင်ခံစာပါအတိုင်း လယ်ယာမြေပြဿနာ အမှုပေါင်း ၄ ရာကျော်ကို ဖြေရှင်းပြီးသွားပြီလို့ ဒီနေ့လွှတ်တော် အစည်းအဝေးမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-01-21
သမ္မတရုံးနဲ ပညာရေးဝန်ကြီးဌာနတို့ရဲ့ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖေါ်ရေးကော်မတီက ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကမကထပြုကျင်းပတဲ့ ပညာရေးမူဝါဒ ညှိနှိုင်းဆွေးနွေးတဲ့ အစည်းအဝေးကို တက္ကသိုလ်ဆရာ/ဆရာမများအသင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ရရေးအဖွဲ့တို့က သပိတ်မှောက်လိုက်ပါတယ်။
2014-01-21
ပဲခူးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းကြောင်း ကြေညာချက် ထုတ်ပြန်ဝေငှခဲ့တဲ့ ကျောင်းသား ၃ ယောက်ကို ကျောင်း အာဏာပိုင်တွေက ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။
2014-01-21
မြန်မာနိုင်ငံမှာ အစိုးရအသုံးစရိတ်တွေ တိုးချဲ့နိုင်ဖို့ဆိုရင် အခွန်ငွေပိုမို ရရှိလာအောင် ကြိုးပမ်းသင့်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အကြီးအကဲ Mr. Matt Davies က ဒီနေ့ တိုက်တွန်းပြောကြားပါတယ်။
2014-01-21
ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအေဂျင်စီ UNDP အနေနဲ့ ရခိုင်နဲ့ မွတ်စလင်ဒုက္ခ သည်နှစ်သောင်းကို အသက်မွေးဝမ်းကျောင်းနဲ့ လူမှုအခြေခံ လိုအပ်ချက်တွေအတွက် အကူအညီပေးနိုင်ဖို့ ကြိုးစားနေ တယ်လို့ မြန်မာနိုင်ငံဆိုင်ရာဌာနေ အကြီးအကဲ မစ္စတာ Toily Kurbanov က ပြောပါတယ်။
2014-01-21
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ လေးဝါးညီလာခံပြီးရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင် မယ်လို့ယုံကြည်ကြောင်း ညီလာခံပြောခွင့်ရပုဂ္ဂိုလ် ဦးနိုင်ဟံသာက ဒီနေ့ ပြောလိုက်ပါတယ်။
2014-01-21
လယ်ယာမြေနဲ့ အခြားမြေများစုံစမ်း စစ်ဆေးရေးကော်မရှင် အစီရင်ခံစာ အပိုင်း ၁၊ ၂၊ ၃ မှာပါရှိတဲ့ လယ်ယာမြေ အမှုပေါင်း ၇၀၀ကျော် ထဲက ၄၀၀ ကျော်ကို အစိုးရက ဖြေရှင်းဆောင်ရွက်ပြီးပြီလို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ ရှင်းလင်းတင်ပြရာ လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။
2014-01-21
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပြီးခဲတဲ့နှစ်မေလ က မြန်မာသံရုံးကို ဖောက်ခွဲတိုက်ခိုက်ဖို့ အဓိက ဦးဆောင်ကြံစည်ခဲ့တဲ့ ဆီဂျစ် အင်ဒရာဂျီဒ် Sigit Indrajit ကို ဂျာကာတာတောင်ပိုင်း တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၇နှစ်ခွဲ ချမှတ်လိုက်ပါတယ်။
2014-01-21
ပိုင်နက်ကျူးလွန်မှု ပုဒ်မတွေနဲ့ အဖမ်းခံထားရတဲ့ လယ်သမားတွေ ပြန်လွှတ်ပေးရေးနဲ့၊ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် လယ်သမား ၅ဝဝ ကျော်ဟာ ရန်ကုန် မြို့တော်ခန်းမအနီးမှာ ဇန်နဝါရီလ ၁၈ ရက်နေ့ စနေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-01-21
အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်နဲ့ "ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ - မြန်မာ" တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ Park Royal Hotel မှာ ဘာသာပေါင်းစုံဆွေးနွေးပွဲတစ်ခုကို ဇန်နဝါရီလ ၁၉ ရက် မနေ့က ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-01-21
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး( ကြည်း) နဲ့ "ကလေးသူငယ်များ စစ်မှုထမ်းခြင်း ကာကွယ်ထိန်းသိမ်းရေး" ကုလသမဂ္ဂကော်မတီ ပူးပေါင်းပြီး ကလေးစစ်သားတွေကို စစ်တပ်က နှုတ်ထွက်ခွင့်ပြုပြီးနောက် မိဘတွေလက်ထဲကို အခမ်းအနားနဲ့ ပြန်လည်အပ်နှံခဲ့ပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2014-01-21
တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်းစုံ ညီလာခံကို KNU ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေ လော်ခီးလာဒေသမှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြထားပါတယ်။