သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-21
ဒီမိုကရေစီစကားဝိုင်း (ရှမ်းပြည်နယ်) လို့ အမည်ပေးထားတဲ့ ဒီမိုကရေစီစနစ်နဲ့ ပတ်သက်တဲ့ ပညာပေး ဆွေးနွေးပွဲတစ်ခုကို တောင်ကြီးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့က စတင်ကျင်းပနေပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးထွန်းက တင်ပြထားပါတယ်။
2013-12-21
သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ ဒီတစ်ပတ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ရဲ့ ပြောကြားချက်တွေနဲ့ မြန်မာအင်ဒိုနီးရှား အမျိုးသားဘောလုံးပွဲအြပီး ကိုရီးယားနည်းပြရဲ့ ပြောကြားချက်တွေကို RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။
2013-12-21
ကချင်ပြည်နယ် မန်စီမြို့နယ်မှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရှမ်းတိုင်းရင်းသားတွေကို ပြန်လွှတ်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုဖို့ ပြင်ဆင်တာကို ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ခွင့်မပြုတဲ့အတွက် ရှမ်းမျိုးနွယ်စုတွေ စုပေါင်းပြီး ဒီနေ့ မြစ်ကြီးနားမြို့မှာ လူထုစည်းဝေးပွဲ ပြုလုပ်ကန့်ကွက်ခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-12-21
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနဲ့ မလေးရှားအသင်းတို့ ဒီနေ့ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြရာမှာ မြန်မာအသင်းက ၆ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး တတိယ ကြေးတံဆိပ်ဆု ရရှိသွားပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-12-20
မြန်မာအစိုးရအနေနဲ့ ဖဲ့ွစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြုပြင်ရေးနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ပပျောက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်ခြင်းမရှိဘူးဆိုရင် မြန်မာ့ တပ်မတော်ကို အမေရိကန်တပ်မတော်က စစ်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ပေးအပ်ခြင်းမပြုဖို့ ဥပဒေတစ်ရပ်ပြ ဌာန်းရေးအတွက် အမေရိကန် အထက်လွှွတ်တော် အမတ်တွေက မနေ့က အဆိုပြုလိုက်ပါတယ်။
2013-12-20
မြန်မာနိုင်ငံမှာ မိုဘိုင်းလ်တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရထားတဲ့ ကာတာနိုင်ငံ အူရီဒူးကုမ္ပဏီက 3G နက်ဝပ်ခေါ်တဲ့ လက်ကိုင်တယ်လီဖုန်းကနေ အင်တာနက်ကို ချိတ်နိုင်တဲ့စနစ်ကို လာမယ့် ၂၀၁၄ ခုနှစ်မှာ နိုင်ငံအနှံ့ အသုံးပြုနိုင်အောင် ဆောင်ရွက်မယ်လို့သိရပါတယ်။ ဒီအတွက် NSN ခေါ် Nokia Solutions and Networks ကို အဓိကအသုံးပြုဖို့ ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။
2013-12-20
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ပါတီပြန်လည်တည်ထောင်ခွင့်အတွက် အဖွဲ့ဝင် ၂၁ ဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ လျှောက်ထားလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအောင်မိုးဇော်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2013-12-20
မြန်မာနိုင်ငံမှာ အစိုးရက လယ်သမားတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ တိုင်းရင်း သားတွေကို နိုင်ငံရေးအရ ဆက်လက်ဖမ်းဆီးနေတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း၊ ဖမ်းဆီးမှုတွေကို ရပ်တန့်ဖို့ လိုအပ်ကြောင်း တောင်းဆိုထားတဲ့ စာတစ်စောင်ကို လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၄၀ က အမေရိကန်သမ္မတ အိုဘားမားထံ တိုက်တွန်းတဲ့ စာတစ်စောင် မနေ့က ရေးသားပေးပို့လိုက်ကြပါတယ်။
2013-12-20
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ စတင်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ ကြေညာ ချက် ထွက်လာတာကို ကန့်ကွက်ကြောင်း ဖယောင်းတိုင် ထွန်းပြီး ဦးဆောင်ဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစုအဖွဲ့ MDCF က ကိုသိန်းအောင်မြင့် အပါအဝင် ၄ ဦးကို ပုဒ်မ ၁၈ နဲ့ ဒီနေ့ ပန်းပဲတန်းမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လကျခံဖို့ ဒါမှမဟုတ် ဒဏ်ငွေ ၁ သောင်းပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
2013-12-20
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းက မလေးရှားအသင်းကို ဒီနေ့ညမှာ ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ လိုက်ပါတယ်။
2013-12-20
ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲကို တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၈ ဦးကို တနိုင်းလူဝင်မှု ကြီးကြပ်ရေးဌာန က ဖမ်းဆီးလိုက်ပြီး ဒီနေ့ မြစ်ကြီးနားမြို့ ပြည်နယ်လဝကရုံး က တရားစွဲလိုက်ပါတယ်။
2013-12-20
ကချင်ပြည်နယ် မန်စီမြို့နယ်မှာ ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်းက ဒေသခံ ရှမ်းတိုင်းရင်းသား ငါးဆယ်ကျော်လောက်ကို ဖမ်းဆီးသွား တယ်ဆိုပြီး ဒီနေ့ မြစ်ကြီးနားမြို့မှာ ရှမ်းမျိုးနွယ်စုအဖွဲ့တွေ က မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်မှာ လူထုအစည်းအဝေးကျင်းပပြီး အဖမ်းခံထားရသူတွေ ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။
2013-12-20
ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ် နယ်မြေမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းအားလုံးကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေအပြင် နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပြည်တွင်း လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ် သွားလာကူညီခွင့်ပေး ဖို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Patrick က ကချင်ပြည်နယ်အစိုးရကို တောင်းဆို လိုက်ပါတယ်။
2013-12-20
မန္တလေးမြို့မှာ မနေ့က မြန်မာနဲ့ထိုင်း အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာမှာ မြန်မာအသင်းက ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရံှုးနိမ့်ခဲ့ပါတယ်။ ကစားပွဲအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ မြန်မာ အမျိုးသမီးဘောလုံးအသင်း နည်းပြ Mr. Kumada Yoshinori က မြန်မာအသင်း ရှုံးရတာဟာ ကွင်းလယ် ဒိုင်ရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုလည်း ပါဝင်ကြောင်း မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-12-20
ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ ဘိန်းစိုက်ပျိုးမှု များလာနေသလို လူငယ်တွေအကြားမှာလည်း မူးယစ်ဆေးသုံးစွဲမှု မြင့်တက်လာတယ်လို့ ဒေသခံ လူမှုအဖွဲ့အစည်းတွေက ပြောကြပါတယ်။ အကြောင်းစုံကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။