ဖုန်းကနေ 3G အင်တာနက်ရအောင် အူရီဒူးကုမ္ပဏီ ဆောင်ရွက်မည်


2013.12.20

မြန်မာနိုင်ငံမှာ မိုဘိုင်းလ်တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရထားတဲ့ ကာတာနိုင်ငံ အူရီဒူးကုမ္ပဏီက 3G နက်ဝပ်ခေါ်တဲ့ လက်ကိုင်တယ်လီဖုန်းကနေ အင်တာနက်ကို ချိတ်နိုင်တဲ့စနစ်ကို လာမယ့် ၂၀၁၄ ခုနှစ်မှာ နိုင်ငံအနှံ့ အသုံးပြုနိုင်အောင် ဆောင်ရွက်မယ်လို့သိရပါတယ်။ ဒီအတွက် NSN ခေါ် Nokia Solutions and Networks ကို အဓိကအသုံးပြုဖို့ ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။

အူရီဒူးကုမ္ပဏီရဲ့ မြန်မာနိုင်ငံ ကစားသုံးသူတွေအတွက် ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေးစနစ်သုံးနိုင်အောင် ပဏာမဆောင်ရွက်ချက်ဖြစ်ပြီး၊ အူရီဒူးရဲ့ 3G နက်ဝပ်စနစ်ကို သုံးစွဲသူတွေအနေနဲ့လည်း ကျေနပ်လိမ့်မယ်လို့ အူရီဒူးကုမ္ပဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ Ross Cormack ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။