သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-24
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကြီးပြီး မြေပြို မှုကြောင့် နေအိမ် ၅ လုံး ပြိုကျပျက်စီးခဲ့ပြီး ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပါတယ်။
2016-08-24
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ပလောက်မြို့နယ်ခွဲ ပျဉ်ပုံကြီးကျွန်းအနီးမှာရှိတဲ့ သဲသောင်ပြင်က သဲတွေကို မော်လဒိုက်နိုင်ငံကို တင်ပို့ရောင်းချခွင့်မပြုထားကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောပါတယ်။
2016-08-24
မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့ရဲ့ အနောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ၆.၈ ရစ်ချ်တာစကေး ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပါတယ်။
2016-08-24
ကုလသမဂ္ဂ အတွင်းရေမှူးချုပ် (ဟောင်း) ကိုဖီအာနန် Kofi Annan ဥက္ကဌ အဖြစ် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနက ဖွဲ့စည်းလိုက်ပါတယ်။
2016-08-24
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်အကြောင်း၊ ကျန်နေသေးတဲ့ ပိတ်ဆို့အရေး ယူမှုအပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအကြောင်းတွေကို RFA အဖွဲ့သား ဦးဝင်းနိုင် က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ကို တွေ့ဆုံမေးမြန်းထားပါတယ်။
2016-08-24
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်အတွင်းက နာဗေဖုံ၊ လာကင်၊ တထုံကျင် ... စတဲ့ ကျေးရွာပေါင်း ၂ဝ လောက်မှာ ဧပြီလက စပြီး ရေဘေးဒဏ် ခံစားနေကြရပါတယ်။
2016-08-24
၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်မှာ တောင်ကျရေနဲ့အတူ နုန်းတွေ နေအိမ်တွေ ထဲဝင်ရောက်ခဲ့ တာကြောင့် ဒေသခံ တစ်ထောင်လောက် နေထိုင်ရေးအခက်အခဲဖြစ်နေတဲ့အကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2016-08-24
ချင်းပြည်နယ်အစိုးရရဲ့ ရက်တရာအတွင်း လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်နယ် စည်ပင်သာယာရေး- လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဒီကနေ့ ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာ သတင်းမီဒီယာတွေ ကို ရှင်းပြခဲ့ပါတယ်။
2016-08-24
ပညာရေး၊ ပြန်ကြားရေး၊ စက်မှု- စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး၊ ဝန်ကြီးဌာနလေးခုရဲ့ ရက် တရာစီမံချက်နဲ့ ပတ်သက်ပြီး ဒီနေ့ နေပြည်တော်မှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
2016-08-24
ဒီနှစ်အတွက် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကိုပြင်ဆင် တဲ့ ဥပဒေမူကြမ်းကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2016-08-24
ငြိမ်းချမ်းရေးညီလာခံ မအောင်မြင်ရင် ငြိမ်းချမ်းရေး ရဖို့ နောင်ဘယ်လောက်ထိ စောင့်ရမလဲ မပြောနိုင် သလို စောင့်နေတဲ့ကာလမှာ တိုင်းပြည်မှာ ဘယ်လောက် ထိခိုက်နစ်နာမှုတွေ ရှိနိုင်မလဲဆိုတာ စဉ်းစားစေချင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2016-08-23
မြစ်ကြီးနား- ဗန်းမော် ကားလမ်းအရှေ့ ဘက် ဝိုင်းမော်မြို့နယ်အတွင်းရှိ KIA စခန်း တစ်ခုကို သြဂုတ်လ ၂၃ရက်နေ့က အစိုးရတပ်တွေက တိုက်ခိုက်ရာမှာ ရဟတ်ယာဉ်တွေ အသုံးပြုတိုက်ခိုက်ခဲ့တယ် လို့ KIA က ပြောကြားလိုက်ပါတယ်။
2016-08-23
ဒီနေ့ မနက်က လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းအနီး ဝက်မှေးကျေးရွာမှာ ဝမ်ပေါင်ကုမ္ပဏီက ကားတစ်စီး ကဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းကို တိုက်မိ ခဲ့တာကြောင့် ယာဉ်မောင်းသမား တရုတ်တွေ နဲ့ ကျေးရွာသူ ကျေးရွာသားတွေ ပြဿနာဖြစ်ပွား ခဲ့ပါတယ်။
2016-08-23
၂၁ ရာစု ပင်လုံညီလာခံမှာ ရွေးကောက်ပွဲ အနိုင်မရတဲ့ နိုင်ငံရေးပါတီ ၇၀ က ကိုယ်စားလှယ် ၅ ယောက်ပဲ တက်ရောက် ခွင့်ပေးတဲ့အတွက် ပါတီတွေက ကန့်ကွက်လိုက်ပါတယ်။
2016-08-23
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ပလောက်မြို့နယ်ခွဲ ပြင်ဘုကြီးကျေးရွာအနီးမှာရှိတဲ့ သဲသောင်ပြင်ကနေ သဲတွေစုပ်ထုတ် ပြီး မော်လဒိုက်နိုင်ငံကို ရောင်းဖို့ ပြင်ဆင်နေတဲ့ စီမံကိန်းကို ကုမ္ပဏီတွေ က ဒေသခံတွေနဲ့ တွေ့ဆုံရှင်းပြစဉ်မှာ ဒေသခံတွေက ကန့်ကွက်လိုက်ကြပါတယ်။