မော်လဒိုက်နိုင်ငံကို ပလောက်မြို့နယ်က သဲတွေ စုတ်ထုတ်ရောင်းမည်
2016.08.23
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ပလောက်မြို့နယ်ခွဲ ပြင်ဘုကြီးကျေးရွာအနီးမှာရှိတဲ့ သဲသောင်ပြင်ကနေ သဲတွေစုပ်ထုတ် ပြီး မော်လဒိုက်နိုင်ငံကို ရောင်းဖို့ ပြင်ဆင်နေတဲ့ စီမံကိန်းကို ကုမ္ပဏီတွေက ဒေသခံတွေနဲ့ တွေ့ဆုံရှင်းပြစဉ်မှာ ဒေသခံတွေက ကန့်ကွက်လိုက်ကြပါတယ်။
ဒေသခံတွေရဲ့ ကန့်ကွက်မှုနဲ့ ပတ်သက်ပြီး မြိတ်မြို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုကျော်ကျော်နိုင် ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။