သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-21
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို လွှတ်တော်မှာ ပြင်ဆင်အတည်ပြုနိုင်ဖို့အတွက် အနည်းဆုံးအချိန် တစ်လလောက်ကြာမယ်လို့ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု့ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြဦးက ပြောပါတယ်။ ဒေါက်တာမြဦးကို RFA ဝိုင်းတော်သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2015-02-21
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့လယ် မှာရှိတဲ့ မုံကွင်းမှာ ကျောက်မျက်လုပ်ငန်း ရှင်များ အသင်းက ကျောက်မျက်ဈေး ဆောက်လုပ်ဖို့ ပြင် ဆင်နေတာကို မြို့ခံတွေက ကန့်ကွက်ဆန္ဒပြကြပါတယ်။
2015-02-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရုံးသစ် အဆောက်အဦး ဆောက်လုပ်ဖို့အတွက် ပန္နက်တင် အခမ်းအနားမှာ ဒေါ်အောင် ဆန်းစုကြည်က ဖွင့်လှစ်ပေးခဲ့ပါတယ်။
2015-02-21
ရွှေပြည်သာစက်မှုဇုန် အလုပ်သမား စုပေါင်း သပိတ်စခန်းကနေ မနေ့ညက ဖမ်းဆီးခံရ တဲ့ အလုပ်သမား ၂၄ ဦးထဲက ၈ ဦး ပြန် လည်လွတ်မြောက်လာပါတယ်။
2015-02-21
ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ မှာ အရပ်သားတွေ သေဆုံးတာဟာ ကိုးကန့်တပ်မတော်ဘက်က ပစ်ခတ်တာကြောင့် သေဆုံး တာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း ညီညွတ်သောတိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2015-02-21
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ KIA ၊ TNLA ၊ UWSA ၊ မိုင်းလား နဲ့ SSA/SSPP အဖွဲ့တို့က ကိုးကန့်အဖွဲ့နဲ့အတူ ပူးပေါင်း တိုက်ခိုက်နေတာဖြစ်ကြောင်း ကာကွယ်ရေးဦးစီချုပ်ရုံး (ကြည်း) ထိပ်တန်းအရာရှိတွေက ပြောပါတယ်။
2015-02-21
ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်၊ ဒဂုံတက္ကသိုလ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က “အေးချမ်းစွာ ပညာ သင်ကြားရေးအတွက်” ဆိုပြီး ဆန္ဒပြပွဲတခုဖြစ်ပွားခဲ့ပါတယ်။
2015-02-21
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အရေးနဲ့ပတ်သက်ပြီး သမ္မတရုံးဝန်ကြီးဦးအောင်မင်းက ၂ဝ၁၅ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ က ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။
2015-02-21
ရွှေပြည်သာစက်မှုဇုန်မှာ လုပ်ခလစာတိုးမြှင့်ရေးအတွက် ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအကြား ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရက ၂ဝ၁၅ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က အင်းစိန်မြို့နယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-02-21
မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သိမ်းယူထားတဲ့မြေတွေမှာ မူလပိုင်ရှင်တောင်သူတွေက ၂ဝ၁၅ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ဝင်ရောက်ထွန်ယက်ခဲ့ကြပါတယ်။
2015-02-21
ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာရှိတဲ့ မီးလောင်မြေ တားမြစ်မြေနေရာမှာ ကျူးကျော် ဝင်ရောက်နေထိုင်သူတွေ များလာနေပါတယ်။
2015-02-21
အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။
2015-02-20
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က ကြံခင်း- ပခုက္ကူ ရထားလမ်းဖောက်လုပ်မှုစီမံကိန်းအတွက် အစိုးရက သိမ်းဆည်းခဲ့တဲ့ မင်းဘူးမြို့နယ်က လယ် ယာမြေတွေ အတွက်က လျော်ကြေးငွေ ကျပ် သိန်းလေးထောင်ကျော်ကို မင်းဘူးမြို့နယ်အုပ်ချုပ်ရေးရုံး မှာ ပေးအပ်ခဲ့ပါတယ်။
2015-02-20
ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုံမှာ အခြေ ခံလစာတိုးပေးဖို့ သပိတ်မှောက် တောင်း ဆိုနေတဲ့ အလုပ်သမားတွေကို မနေ့ညနေ ၅ နာရီကျော်လောက်မှာ ရဲအင်အားအလုံးအရင်းနဲ့အကြမ်း ဖက် နှိမ်နင်းလိုက်ပါတယ်။
2015-02-20
ရခိုင်ပြည်နယ်ထဲမှာ ဝှိုက်ကဒ်လို့ခေါ်တဲ့ ယာယီ သက်သေခံ လက်မှတ်တွေကို ပြန်လက်ခံဖို့ စတင်ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို RFA ဝိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။