သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-31
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ကပေါင်းကျရွာကို မေလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်တွေ ၆ ကြိမ်မြောက် ဝင်ရောက် စီးနင်းတဲ့အတွက် ရွာသားတွေ ထွက်ပြေး ပုန်းအောင်းနေရပါတယ်။ ရွာထဲက နေအိမ်တွေကို ဝင်ရောက်ရှာဖွေခဲ့သလို၊ လူတစ်ချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-05-30
ကမ္ဘာ့သတင်းမီဒီယာတွေမှာ ဖော်ပြနေတဲ့ မြန်မာနိုင်ငံရဲ့ လတ်တလော နိုင်ငံရေး၊ စစ်ရေး ဆိုင်ရာ အခြေအနေတွေကို RFA ဝိုင်းတော်သား ဦးသစ်ဆင်းက ကောက်နုတ်စုစည်းတင်ပြထားပါတယ်။
2021-05-26
မြန်မာ့သတင်းလောကဟာ ဖေဖော်ဝါရီလ ၁ရက် စစ်အာဏာသိမ်းခဲ့တဲ့ အချိန်ကစပြီး အပြင်းအထန် ဖိနှိပ်ခံနေရတာကြောင့် သတင်းလုပ်ငန်းဟာ အန္တရာယ်ရှိတဲ့ လုပ်ငန်းဖြစ်နေပါပြီ။ သတင်းသမားတွေရဲ့ ဘဝကလည်း မရေရာတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး သတင်းသမားဘဝကို စွန့်လွှတ်လိုက်ရတဲ့သူတွေ များလာနေပါတယ်။
2021-05-25
စစ်ကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဒု-ဝန်ကြီးလည်း ဖြစ်၊ ရဲချုပ်လည်း ဖြစ်တဲ့ ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်ရဲ့ ညီအရင်း နိုင်ငံရေး အကျဉ်းသားဟောင်း ကိုစိုးမိုးလှိုင် ခေါ် ကိုမဲကြီးကို စစ်တပ်က ဖမ်းပြီး နှိပ်စက်မေးမြန်းတဲ့ဒဏ်ကြောင့် နှစ်ရက်အတွင်း သေဆုံးသွားပါတယ်။
2021-05-24
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် သူတို့ အစိုးရအနေနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC မှာပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးဆောင်ရွက်မယ်လို့ မေလ ၂၃ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
2021-05-24
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး မေလ ၂၃ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ တော်လှန်ရေးအင်အားစုတွေဟာ အဆင့်မြင့်တဲ့ တိုက်ပွဲဝင်ရိုင်ဖယ်တွေကို အသုံးပြုခဲ့သလို တိုက်ပွဲနည်းနာနဲ့ လှုပ်ရှားမှုတွေလည်း အတော်ကောင်းမွန်ပြီး ကျေး လက်နဲ့ မြို့ပြတိုက်ပွဲတွေကို တပြိုင်နက် အကောင်အထည် ဖော်လာနိုင်ပြီဖြစ်လို့ နွေဦးတော်လှန်ရေးဟာ ပိုမို အဆင့်မြင့်မားလာခဲ့ပြီလို့ ဝေဖန်သူတွေကပြောပါတယ်။
2021-05-24
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အာဏာရှင်ဆန့်ကျင် ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖိနှိပ်တဲ့အတွက် ကြွေလွင့်သွားရသူတွေထဲမှာ လူငယ်တွေ အများစုပါဝင်ပြီး ဖမ်းဆီးခံထားရတဲ့ လူငယ်တွေလည်း အများအပြား ရှိနေပါတယ်။ အာဏာမသိမ်းခင်က ရည်မှန်းချက်တွေ တပုံတပင်နဲ့ ရှင်သန်နေကြတဲ့ ဒီလူငယ်တွေဟာ စစ်အာဏာရှင် စနစ်အောက်မှာ အနာဂတ်တွေ ပျောက်ဆုံးသွားကြရပါပြီ။
2021-05-22
မြန်မာနိုင်ငံမှာ စစ်တပ်က နောက်ဆုံးအကြိမ် အာဏာသိမ်းလိုက်ပြီးတဲ့နောက်၊ နိုင်ငံတွင်းမှာ R2P လို့ခေါ်တဲ့ ကုလသမဂ္ဂက ကြားဝင်ရတဲ့ အစီအစဉ်ကို မျှော်လင့်လာနေကြပါတယ်။
2021-05-21
ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား နှစ်ဘက် တိုက်ပွဲတွေ ရပ်စဲနေတာ အချိန် ၇ လနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ပေမယ့် စစ်ဘေး ဒုက္ခသည်တွေကတော့ နေရပ်ပြန်ဖို့ ခက်ခဲနေဆဲဖြစ်သလို နှစ်ဘက်လုံးရဲ့ စစ်အင် အားကလည်း အရင်အတိုင်းရှိနေဆဲပဲလို့ ဒေသခံတွေက ပြောကြပါတယ်။
2021-05-20
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းခဲ့ပြီးချိန်ကစပြီး၊ စစ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွင်း သေဆုံးသူ အခုထိ ၈၀၅ ဦး ရှိသွားခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
2021-05-19
အာဏာလက်မလွှတ်ချင်တဲ့ စစ်တပ်ဟာ ကာကွယ်ရေးတာဝန်ပဲ သီးခြားထမ်းဆောင်သင့်ပေမဲ့ စီးပွားရေး အကြီးအကျယ် လုပ်ကိုင်တဲ့အကြောင်း၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်က အစုအမြတ်ငွေတွေကို ခွဲဝေယူတဲ့ အစုဝင် အားလုံးရဲ့ ၉၉ ရာခိုင်နှုန်းဟာ လက်ရှိနဲ့ အငြိမ်းစား စစ်မှုထမ်းတွေဖြစ်တဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2021-05-19
ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်တွေကို ရရာလက်နက်နဲ့ ပြန်ပြီး ခုခံတိုက်ခိုက်နေတဲ့ အထဲမှာ ချင်းပြည်နယ်က အပြင်းထန်ဆုံး ဖြစ်ပါတယ်။
2021-05-19
မြန်မာစစ်တပ်ဟာ စစ်သည်တွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ဘဏ္ဍာရေးပိုင်းတွေကို ထိန်းချုပ်ထားပြီး၊ တပ်ကထွက်မယ်ဆိုရင်လည်း ထွက်ခ အဆမတန်ပေးကြ ရကြောင်း ဂျာမဏီအခြေစိုက် Deutsche welle သတင်းက ဖော်ပြပါတယ်။
2021-05-18
အာဏာသိမ်းစစ်ကောင်စီက ဒီရက်ပိုင်းအတွင်း ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ ရုပ်ရှင်ကို ထုတ်လုပ်ဖို့ စီစဉ်မှုနဲ့ မန္တလေးမြို့မ တီးဝိုင်းကို ဖြေဖျော်ခိုင်းမှုတွေဟာ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို မှေးမှိန်အောင် ကြိုးစားမှုတွေဖြစ်ပြီး ပြည်သူတွေ သတ်ဖြတ်ညှဉ်းပန်းခံနေရသလို ဘဝတူ အနုပညာသမားတွေ ဖမ်းဆီး ထွက်ပြေးနေရစဉ်မှာ အခုလို အာဏာရှင်တွေနဲ့ ပူးပေါင်းဆက်ဆံမှုတွေကို ရှောင်ကြဉ်သင့်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
2021-05-14
KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး က လက်ရှိပြဿနာ တွေကို NCA စာချုပ်အတိုင်း ဆွေးနွေးအဖြေရှာဖို့ သဘောထားရှိတယ်လို့ ထုတ်ပြန်ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး အမည်မဖော်လိုတဲ့ KNU ထိပ်တန်းခေါင်းဆောင်တဦးက ဒီကိစ္စကို ဗဟိုကော်မတီဝင် အများစုက လက်ခံခြင်းမရှိပါဘူး။ နွေဦးတော်လှန်ရေးကို KNU က အပြည့်အဝ ထောက်ခံပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ RFA ကို ပြောကြားလိုက်ပါတယ်။