သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-10-31
စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထိုးစစ်တွေပြင်းထန်လာသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်တာတွေနဲ့ ကျေးရွာတွေကို အင်အားသုံးစီးနင်းတာတွေ ပိုလုပ်လာပါတယ်။
2024-10-31
ဖလမ်းမြို့မှာ အောက်တိုဘာ ၂၅ ကစပြီး ချင်းညီနောင်မဟာမိတ်အဖွဲ့နဲ့ စစ်တပ်တို့ တိုက်ပွဲစဖြစ်ခဲ့တာကြောင့် မြို့ပေါ်မှာနေထိုင်သူတွေထဲက ကိုးထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
2024-10-30
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေလုပ်ကြဖို့လည်း တွမ်အင်ဒရူးက ညီလာခံမှာ တိုက်တွန်းလိုက်ပါတယ်။
2024-10-30
စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဖိတ်ခေါ်တယ်လို့ ကြေညာခဲ့တဲ့ အခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ သိသိသာသာ များလာပါတယ်။
2024-10-30
စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက်ပိုင်း စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်သားရှားပါးမှု ပြဿနာကို ရင်ဆိုင်နေရတယ်လို့ ပြည်တွင်းမှာ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောကြပါတယ်။
2024-10-30
မန္တလေးမြို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ချုပ်ရုံးကို အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရှစ်ဦးကို ဖမ်းဆီးသွားပြီး အဆက်အသွယ်ပြတ်တောက်နေတယ်လို့ အသင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2024-10-29
စစ်ကောင်စီဘက်က တရားမဝင်ကုန်စည်ဆိုပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးနေတာကြောင့် ပြည်ပကုန်ပစ္စည်းတွေ ပြတ်လပ်လာပါတယ်။
2024-10-29
အမ်းမြို့နယ်က စစ်ကောင်စီတပ်ရင်းတွေကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အောက်တိုဘာလ ၂၉ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အမ်းဒေသခံတွေက RFA ကို ပြောပါတယ်။
2024-10-28
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေ အင်အားထပ်ဖြည့်နေတဲ့အတွက် ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲအသေးတွေ မကြာခဏဖြစ်နေပါတယ်။
2024-10-28
ရန်ကုန်မြို့မှာ ဆန္ဒပြလူငယ်တွေနဲ့ ထောက်ပို့လူငယ်တွေ အယောက် နှစ်ဆယ်ကျော် အဖမ်းခံထားရပါတယ်။
2024-10-28
တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံထဲကို စစ်သုံးဆီအပါအဝင် ကုန်ပစ္စည်းတချို့ သယ်ယူတင်သွင်းခွင့် ပိတ်ထားတာကြောင့် စက်သုံးဆီတွေ ရှားပါးပြတ်လတ်နေတယ်လို့ ပြောပါတယ်။
2024-10-27
အာရှလမ်းသစ်တိုက်ပွဲမှာ ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဆယ်လောက်ကို ဘားအံတောင်ကလေး စစ်ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့လည်း ဆိုပါတယ်။
2024-10-27
၁၀၂၇ စစ်ဆင်ရေးမှာ အောင်မြင်မှုတွေ ရခဲ့သလို တစ်နိုင်ငံလုံး စစ်အာဏာရှင်ဖြုတ်ချနိုင်တဲ့အထိ ဆက်လက်လုပ်ဆောင်မယ်လို့ TNLA ပြောခွင့်ရသူက ပြောပါတယ်။
2024-10-26
ဒီအဖြစ်အပျက်ဟာ အာဏာရူးသွပ်သူတွေရဲ့ လက္ခဏာတွေပဲလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ကိုနေဘုန်းလတ်က သုံးသပ်ပါတယ်။
2024-10-26
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၁ ရက်ကနေ ၂၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်း သေဆုံးသူ ၇၂ ဦးရှိလာပြီလို့ (AAPP) က ထုတ်ပြန်ပါတယ်။