သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-31
မန်မာနိုင်ငံ တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်ဖု့ိအတွက် ကလေးတွေအပေါ်မှာ ရင်းနှီးမြှုပ်နှံကြဖို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။
2019-01-31
လုပ်ငန်းလိုင်စင်ရဘဏ်တွေ နိုင်ငံတကာ ငွေပေးချေမှု၊ စာရင်းရှင်းလင်းမှုတွေမှာ ဂျပန်ယန်းငွေနဲ့ တရုတ်ယွမ်ငွေ အသုံးပြုဖို့ မြန်မာနိုင်ငံဗဟိုဘဏ်က ခွင့်ပြုလိုက်ပါတယ်။
2019-01-31
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ထဲမှာ တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရတို့ သဘောတူထားတဲ့ မြစ်ဆုံဆည်စီမံကိန်းကို စီမံကိန်းပမာဏ အရွယ်အစား လျှော့ချဖို့ ဒါမှမဟုတ် နေရာရွှေ့ဖို့၊ ဒီစီမံကိန်းအစား နောက်တစ်ခြားစီမံကိန်း တစ်ခုခုနဲ့ အစားထိုးပေးမလားဆိုပြီး ရွေးချယ်စရာ နည်းလမ်းတွေကို အစိုးရက စဉ်းစားနေတယ်လို့ သိရပါတယ်။
2019-01-30
ရခိုင်ပြည်နယ် ပဋိပက္ခ ဖြေရှင်းရေးနဲ့ အာဆီယံဒေသမှာ တရုတ်ပြည်က အမေရိကန်ပြည်ထောင်စုကို အစားထိုး လွှမ်းမိုးလာနေမှုတွနဲ့ ပတ်သက်ပြီး ISEAS ခေါ် အရှေ့တောင်အာရှလေ့လာရေးသိပွံ ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ ကောက်နုတ်ချက်တွေကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2019-01-30
NLD ပါတီက ၂၀၁၅ ရွေးကောက်ပွဲကာလက ပြည်သူတွေကို ပေးထားခဲ့တဲ့ ကတိကဝတ်အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်တွင်း လှုပ်ရှားဆောင်ရွက်မှုတွေ ဒီနေ့ စတင်လာပါတယ်။
2019-01-28
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ အခြေခံပညာအထက်တန်းအောင်ပြီး တက္ကသိုလ်ဆက်တက်ခွင့်မရတဲ့ မွတ်စလင်လူငယ် အယောက် ၈ဝ ကျော်ဟာ တက္ကသိုလ် ဆက်တက်ခွင့်မရဘူးလို့ သတင်းရရှိပါတယ်။
2019-01-25
ကချင်ပြည်နယ် ချီဖွေမြို့နယ် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေအတွက် ဆေးဝါးတွေ လိုအပ်နေပါတယ်။
2019-01-25
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပတ်သက်ပြီး သတိပေးချက်တခုကို တပ်မတော်က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ယာယီ အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ တိုင်းရင်းသားလက်နက်ကိုင်တချို့က အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်မယ့်ကိစ္စတွေ လုပ်ဆောင်နေတယ်လို့ ပြောဆိုထားတာပါ။
2019-01-25
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်(AA)နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ယိုးချောင်းဒေသက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အမည်မသိလက်နက်ကိုင်တွေက ခေါ်ယူသွားတာနဲ့ ပတ်သက်လို့ စုံစမ်းပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ဝ ကျော်က မြို့နယ်အုပ်ချုပ်ရေးမှူးကို မနေ့ကတောင်းဆို လိုက်ပါတယ်။
2019-01-25
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ စစ်တွေမြို့မှာ လာရောက်ခိုလှုံနေတဲ့ ဟိန္ဒူတွေဟာ သူတို့ကို မူရင်းဒေသ အဓမ္မပြန်ပို့မယ်ဆိုရင် မွတ်စလင်အကြမ်းဖက်တွေက သတ်ဖြတ်မှာကို စိုးရိမ်နေကြပါတယ်။
2019-01-24
အမေရိကန်အစိုးရယန္တရား တစိတ်တပိုင်း ရပ်နားထားရတဲ့အတွက် ကမ္ဘာ့တဖက်ခြမ်းက မြန်မာနိုင်ငံလို နိုင်ငံတွေအထိ ရိုက်ခတ်လာနေပါတယ်။ မြန်မာနိုင်ငံမှာ အမေရိကန်အစိုးရရဲ့ အကူအညီနဲ့ လည်ပတ်နေကြတဲ့ ပရဟိတလုပ်ငန်းတွေ အခုဆိုရင် ရပ်ဆိုင်းထားရတယ်လို့ လူမှုရေး၊ ပညာရေး လုပ်ငန်းတွေ လုပ်ကိုင်နေသူတွေက ပြောပါတယ်။
2019-01-23
ရခိုင်ပြည်နယ်က ထွက်ပြေးရောက်ရှိနေတဲ့ မွတ်စလင်နဲ့ ဟိန္ဒူတွေကို ခေါ်ယူရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပြန်လည်ဆွေးနွေးရန် အဆင့်သင့်ပဲလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2019-01-23
၂ဝ၁၉ အတွက် ကြုံရတဲ့ ကျန်းမာရေး ပြဿနာတွေထဲမှာ လေထုညစ်ညမ်းမှုကို ပြဿနာနံပါတ်တစ် အဖြစ် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားပါတယ်။
2019-01-23
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄ ကို အသုံးပြုပြီး အကြောင်းပြချက် တစ်စုံတစ်ရာမပေးဘဲ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီး ၁ ဦးကို တာဝန်ကနေ ရပ်စဲလိုက်သလို ၂ ဦးကိုလည်း ရာထူးကနေ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။
2019-01-22
ရခိုင့်တပ်မတော် AA စစ်ဦးစီးချုပ်က ဖက်ဒရယ်စနစ်ထက် Confederation ကို ပိုပြီး လိုလားတယ်လို့ ပြောဆိုခဲ့ပါတယ်။