အမေရိကန်အစိုးရယန္တရားနဲ့ ပရဟိတလုပ်ငန်းများ
2019.01.24
အမေရိကန်အစိုးရယန္တရား တစိတ်တပိုင်း ရပ်နားထားရတဲ့အတွက် ကမ္ဘာ့တဖက်ခြမ်းက မြန်မာနိုင်ငံလို နိုင်ငံတွေအထိ ရိုက်ခတ်လာနေပါတယ်။ မြန်မာနိုင်ငံမှာ အမေရိကန်အစိုးရရဲ့ အကူအညီနဲ့ လည်ပတ်နေကြတဲ့ ပရဟိတလုပ်ငန်းတွေ အခုဆိုရင် ရပ်ဆိုင်းထားရတယ်လို့ လူမှုရေး၊ ပညာရေး လုပ်ငန်းတွေ လုပ်ကိုင်နေသူတွေက ပြောပါတယ်။
RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။