သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-09-02
စစ်ကောင်စီဟာ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ အရှိန်အဝါ ကြီးထွားလာတာပြီး၊ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်တွေ ကျဉ်းမြောင်းလာတာတဲ့ အခြေအနေကို ထိန်းချုပ်ဖို့ အခုလို စီရင်ချက်ချလိုက်တာ လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။
2022-09-02
လိင်တူချစ်မြတ်နိုးမှုအကြောင်း ရေးသားထားတဲ့စာအုပ်တစ်အုပ်ကို ထုတ်ဝေဖို့ စီစဉ်ခဲ့တဲ့ ကံကောင်းခြင်းအိမ်ငယ်လေး" စာပေတိုက်ပိုင်ရှင်ကို ဩဂုတ်လ ၂၂ ရက်ကစလို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခွင့်ရုပ်သိမ်းလိုက်ပါတယ်။
2022-09-02
စစ်ကိုင်းတိုင်း ကန့်ဘလူ ကျွန်းလှနဲ့ ကောလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဩဂုတ်လ ၂၂ ရက်နေ့က စတင်စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီးနောက် မနေ့က စက်တင်ဘာလ ၁ ရက်နေ့ထိ ဒေသခံ ၁၂ ဦး သတ်ဖြတ်ခံခဲ့ရသလို ရွာပေါင်းကိုးရွာက နေအိမ်ငါးရာကျော် မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
2022-09-01
အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေအတွက် အာရုံစိုက်ကြဖို့ The Forum 2000 ကမ္ဘာ့ဒီမိုကရေစီရေး ဆွေးနွေးပွဲမှာ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
2022-09-01
နိုင်ငံရေး စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ မဖြစ်မြောက်အောင် NUG ဘက်က ကြိုးပမ်းလိမ့်မယ်။ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပေါင်းပြီး အချိတ်အဆက်ကောင်းကောင်းဆောင်ရွက်သွားရင် တော်လှန်ရေးအောင်ပွဲဖြစ်လာနိုင်မယ်လို့ ဆိုပါတယ်။
2022-09-01
ကချင်ပြည်နယ်ထဲက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်စခန်းတွေကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဇူလိုင်လဆန်းလောက်ကစပြီး လေကြောင်းနဲ့ လက်နက်ကြီးကို အဓိကအသုံးပြုပြီး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒေသခံ သုံးထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။ ပြည်သူ့စစ်အဖွဲ့တွေ ကချင်ပြည်နယ်မှာ နယ်မြေတိုးချဲ့ထိန်းချုပ်နိုင်ဖို့အတွက် အခုလိုတိုက်နေတာလို့ KIA အပါအဝင် ဒေသခံတွေနဲ့ လေ့လာသူတွေက ပြောပါတယ်။
2022-09-01
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမှုပေါင်း ၁၉ မှုထဲက ရာဇသတ်ကြီး ပုဒ်မ-၁၃၀ (က) နဲ့ တရားစွဲခံထားရတဲ့ ရွေးကောက်ပွဲ မဲမသမာမှုကို မနက်ဖြန် စက်တင်ဘာ ၂ ရက်နေ့ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးကနေ အပြီးသတ် အမိန့်ချဖို့ ရှိနေပါတယ်။
2022-09-01
အာဏာသိမ်း ၁၈ လကျော်အကြာမှာ ဒေါ်လာဈေး၊ ရွှေဈေးနဲ့ အခြေခံ စားကုန်တွေ အဆမတန် ဈေးတက်လာသလိုပဲ ဆေးဝါးနဲ့ အားဆေးတွေလည်း ဈေးနှစ်ဆ တက်လာတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ ဆေးဝါးအရောင်းဆိုင်တွေက ပြောပါတယ်။