သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-18
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား အဖွဲ့တွေ ရဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိုနှိုင်းရေးအဖွဲ့ NCCT တို့ ၇ ကြိမ်မြောက် တွေ့ ဆုံဆွေးနွေးပွဲ ပထမနေ့ ကို ရန်ကုန်မြို့ မြန်မာငြိမ်း ချမ်းရေးစင်တာမှာ ကျင်းပနေပါတယ်။
2015-03-18
အမျိုးသားလွှတ်တော်မှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ၁၀ ကြိမ်မြောက် ကြားနာပွဲကို ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
2015-03-17
မြန်မာ့သစ်တောပြုန်းတီးမှု အခြေအနေတွေ နဲ့ပတ်သက်ပြီး၊ ဗြိတိန်နိုင်ငံက UK AID နဲ့ နိုင်ငံတကာ သစ်တောထိန်းသိမ်းရေး Forest Trends အဖွဲ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
2015-03-16
အမျိုးသားလွှတ်တော်မှာ ဒီနေ့ ၉ ကြိမ်မြောက် ကျင်းပတဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ကြားနာပွဲကို သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်တစ်ချို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
2015-03-16
ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားပညာရေး သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးဘူးလို့ သိရပါတယ်။
2015-03-12
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် မြို့ဈေးထဲကို ပြီးခဲ့တဲ့ရက်ပိုင်းက အမြောက်ကျည်ဆံ ကျခဲ့တာကြောင့် ကလေး ၂ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကိုးကန့်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တချို့ကိုလည်း အစိုးရက ဖမ်းဆီး စစ်ဆေးနေတာတွေရှိတယ်လို့ ကိုးကန့် အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2015-03-12
လက်ပံတန်းမြို့က ပင်မကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲတာကို ကန့်ကွတ်ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေနဲ့ ပြည်သူတွေကိုအမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပွဲကို ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းက နာရေးကူညီအသင်း(ရန်ကုန်)မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2015-03-11
လက်ပံတန်းမြို့က ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို ပိတ်ဆို့ထားတဲ့ လုံခြုံရေးရဲတပ်ဖွဲ့တွေက ရိုက်နှက်ဖြိုခွင်းခဲ့ပြီး ကျောင်း သား၊ ကျောင်းသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
2015-03-09
မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမအနီးမှာ ဆန္ဒပြကျောင်းသူ ကျောင်းသားတွေကို ရဲတပ်ဖွဲ့အပြင် လက်ပတ်နီဝတ် အရပ်သားတွေကပါ ရိုက်နှက်ဖမ်းဆီးတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြစ်တင်ဝေဖန်တာတွေ များလာနေပါတယ်။
2015-03-08
အမျိုးသားလွှတ်တော်မှာ ဒီနေ့ ကျင်းပနေတဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်း အပေါ် ကြားနာပွဲကို နိုင်ငံရေးပါတီ ၈ ခုက ပါတီခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။
2015-03-07
ရန်ကုန်မြို့တော်ခန်းမအနီးဆန္ဒပြ ကျောင်းသူ ၊ ကျောင်းသားတွေကို ရဲတပ်ဖွဲ့နဲ့ အရပ်ဝတ် လူအုပ်စုက ရိုက်နှက်ဖမ်းဆီးခဲ့တဲ့အပေါ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်ကြ တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဌေးဦး၊ သူရ ဦးအောင်ကိုနဲ့ ဦးသိန်းညွန့်တို့ရဲ့အမြင်သဘောထား မှတ်ချက်တွေကို RFA သတင်းထောက် ကိုကျော်သူတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2015-03-07
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြကျောင်းသူ ကျောင်းသားတွေကို စွမ်းအားရှင်တွေက အသုံးပြုဖြိူခွင်းခဲ့တဲ့ လုပ်ရပ်အပေါ် နိုင်ငံရေးပါတီတွေကလည်း ကန့်ကွက်ဝေဖန်ကြပါတယ်။
2015-03-06
ရန်ကုန်မြို့တော်ခန်းမအနီးမှာ မတ်လ ၅ ရက်ညနေ ပိုင်းက ဆန္ဒပြကျောင်းသားပြည်သူတွေကို အကြမ်း ဖက်နှိမ်နင်းခဲ့မှုမှာ စွမ်းအင်ရှင်တွေကို တကျော့ပြန်မြင်တွေ့လိုက်ရတာမို့ ပြည်သူလူထု အကြား စိုးရိမ်ပူပန်မှုတွေ တိုးပွားလာနေပါတယ်။
2015-03-06
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဖြစ်လာနေတဲ့ တင်းမာမှုအခြေအနေ နောက်ထပ်ပိုဆိုးမလာရအောင် နှစ်ဘက်အဖွဲ့တွေ အပြန်အလှန် ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ဖို့ လိုနေပြီလို့ နိုင်ငံရေးပါတီခေါင်းဆောင်တချို့က ထောက်ပြကြပါတယ်။ ဒီအကြောင်း မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2015-03-05
၄ ပွင့်ဆိုင်ဆွေးနွေးပွဲကနေ သဘောတူခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ဒီနေ့ အမျိုသားလွှတ်တော်မှာ ကြားနာပွဲကျင်းပခဲ့ပါတယ်။ အဲ့ဒီကြားနာပွဲကို သပိတ်မှောက် ကျောင်းသား ကိုယ်စားလှယ်တွေက မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။