ကိုးကန့်ဒေသတိုက်ပွဲ အခြေ အနေအကြောင်း တင်ပြချက်
2015.03.12
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ဈေးထဲကို ပြီးခဲ့တဲ့ရက်ပိုင်းက အမြောက်ကျည်ဆံ ကျခဲ့တာကြောင့် ကလေး ၂ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကိုးကန့်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တချို့ကိုလည်း အစိုးရက ဖမ်းဆီးစစ်ဆေးနေတာတွေရှိတယ်လို့ ကိုးကန့်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
RFA သတင်းထောက် မပြုံးမို့မို့ဇင်က တင်ပြထားပါတယ်။