လွှတ်တော်ကြားနာပွဲ ကျောင်းသားကိုယ်စားလှယ်တွေ မတက်ရောက်ဖို့ ဆုံးဖြတ်


2015.03.05

၄ ပွင့်ဆိုင်ဆွေးနွေးပွဲကနေ သဘောတူခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ဒီနေ့ အမျိုသားလွှတ်တော်မှာ ကြားနာပွဲကျင်းပခဲ့ပါတယ်။ အဲ့ဒီကြားနာပွဲကို သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်တွေက မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။

ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ စတင်ကြားနာတာ ဖြစ်ပါတယ်။ ဒီကနေ့ကြားနာပွဲကို NNER ကိုယ်စားလှယ်တွေ နဲ့ သပိတ်မှောက် ကျောင်းသား ကိုယ်စားလှယ်တွေ တက်ရောက်ရမှာ ဖြစ်ပါတယ်။ ကျောင်းသားကိုယ်စားလှယ်တွေက လက်ပံတန်းမှာ ကျောင်းသားသပိတ်စစ်ကြောင်းတွေကို ပိတ်ဆို့ထားတာကြောင့် မတက်ရောက်နိုင်တော့ကြောင်း အမျိုးသားလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အဲဒီလို မတက်ဖြစ်တဲ့အကြောင်း ဒီနေ့ နေပြည်တော် အမျိုးသားလွှတ်တော်ကို တက်ရောက်လာတဲ့ ကျောင်းသား ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုဇေယျာလွင်က အခုလို ပြောပါတယ်။

zayyarlwin

ကျောင်းသားတွေ မတက်ရောက်တော့ပေမယ့် လွှတ်တော်ရဲ့လုပ်နည်းအတိုင်း ဆက်လုပ်သွားရမှာဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးခင်မောင်ရီ ကပြောပါတယ်။

UKhinMgYi

လက်ပံတန်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးမြင့်ထွန်း ကတော့ အမျိုးသားပညာရေး ဥပဒေကြမ်းနဲ့ လက်ပတန်းကျောင်းသားသပိတ်အပေါ် အခုလို သုံးသပ်ပါတယ်။

U Myint Tun

နောက်တစ်ကြိမ် ကြားနာပွဲကို လာမယ့် မတ်လ ၇ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အဲဒီကြားနာပွဲကိုလည်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) ကိုယ်စားလှယ်တွေလည်း တက်ရောက်မှာမဟုတ်ကြောင်း မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်ခင်ဗျား။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။