သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-02
ဒီမိုကရေစီ ပညာရေးတောင်းဆိုသပိတ်မှောက်လို့ အစိုးရကဖမ်းဝရမ်းထုတ်ထားတဲ့ ဗမာနိုင်ငံလုံးဆိုင် ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကို ကို၊ ဗဟိုလုပ်ငန်းကော်မတီဝင် ကိုရဲရင့်ကျော် နဲ့ မြောင်းမြခရိုင်တာဝန်ခံ ကိုမြတ်သူတို့ကို တရား ခံပြေး အဖြစ်ဆက်လက်သတ်မှတ်ထားမှာဖြစ်တယ် လို့ ရှေ့နေတွေ က ပြောပါတယ်။
2015-04-28
ဧရာဝတီမြစ်ဆုံလို၊ သံလွင်မြစ်ပေါ်က တာဆန်းတို့ ဟတ်ကြီးတို့လို ရေကာတာကြီးတွေ လက်ပံတောင်းတောင်လို ကြေးနီတောင်လို သတ္တု တူးဖေါ်ထုတ်လုပ်ရေး စက်ရုံကြီးတွေလို ဖွံ့ဖြိုးရေး ဆိုတဲ့ စီမံကိန်းကြီးတွေ စီစဉ်လုပ်ကိုင်ကြတဲ့ အခါ မှာ ဒေသခံပြည်သူတွေရဲ့ စားသောက်နေထိုင်မှု ဘဝတွေ၊ ခေတ်အဆက်ဆက်ရှိခဲ့တဲ့ ရိုးရာ ဓလေ့တွေ၊ ရေမြေပတ်ဝန်းကျင် ထိခိုက်ပျက်စီး နိုင်တာတွေကို အာဏာပိုင်တွေအနေနဲ့ မလေ့လာ မစူုးစမ်းဘဲ ထင်ရာစိုင်းလုပ်ကြရင် ပြဿနာတွေ ကြီးမားလာနိုင်တယ်လို့ ပညာရှင်တွေ က သုံးသပ် ကြပါတယ်။
2015-04-26
အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျလိစ်မြို့မှာ ကျင်းပတဲ့ ယဉ်ကျေးမှုဖလှယ်ပွဲမှာ ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းဖြိုခွဲခံရမှု နဲ့ မြန်မာကျောင်းသားတွေရဲ့ အနာဂတ်ပညာရေး ဆိုင်ရာပွဲတစ်ပွဲ ကျင်းပခဲ့ပါတယ်။
2015-04-23
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ တဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ကူညီသူတွေကို လာမယ့် ဧပြီလ ၃ဝ ရက်နေ့မှာ သာယာဝတီ မြို့နယ်တရားရုံးမှာ ပြောင်းရွှေ့စစ်ဆေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2015-04-23
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကို လာမယ့် မေလ ၃ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ မန္တလေးမြို့မှာရှိတဲ့ မြို့နယ် ၆ ခုထဲက ၄ ခုမှာ စည်ပင်ရွေးကောက်ပွဲကို ကျင်းပမှာပါ။
2015-04-23
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းက မကွေးတိုင်း ၊ ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လေပြင်းတိုက်ခိုက်ပြီး မိုးကြီးတာကြောင့် လူနေအိမ်နဲ့ အဆောက်အဦးတွေပျက်စီးပြီး လူနှစ်ဦး သေဆုံးခဲ့ပါတယ်။
2015-04-22
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်ဟောင်း သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို ရန်ကုန် မြို့ ရွှေဂုံတိုင် လမ်းပေါ်ရှိ တော်ဝင်နှင်းဆီခန်းမမှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။
2015-04-22
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်း ဂျပန်နိုင်ငံကို ရောက်ရှိခဲ့စဉ် အတွင်း Nikkei Asian Review သတင်းဌာန က တွေ့ဆုံမေးမြန်းချက် အပြည့်အစုံကို ဧပြီလ ၂၁ ရက်၊ မနေ့က ဖော်ပြခဲ့ပါတယ်။
2015-04-21
သြင်္ကန်မတိုင်ခင် ဧပြီလဆန်းလောက်ကစတင်ပြီး ဆန်နဲ့ ဆီ စတဲ့ အခြေခံစားသောက် ကုန်ဈေးတွေ မြင့်တက်နေတာဟာ ဒီနေ့ ထိ ဈေးပြန် ကျတာမရှိသေးကြောင်း စားသုံးသူတွေနဲ့ ဝယ်ယူရောင်းချသူတွေက ပြောပါတယ်။
2015-04-21
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လာမယ့်မေလအတွင်းမှာ ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲကျင်းပဖို့ ပြည်ထောင်စု လွှတ်တော်က ကြေညာထားရာမှာ မဖြစ်နိုင် တော့ကြောင်း လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောကြပါတယ်။
2015-04-18
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ဝင်ရောက်ရွေး ချယ်ခံမယ့် သူတွေအနေနဲ့ ပါတီရဲ့ရွေးကောက် ပွဲအောင်နိုင်ရေး ကော်မတီတွေမှာ ပါဝင်ခွင့် မရှိကြောင်း NLD က တားမြစ်ထားပါတယ်။
2015-04-17
သံချပ်တွေက ခေတ်ကိုမီးမောင်းထိုးပြနေပါတယ်။ အထူးသဖြင့် သြင်္ကန်ပွဲတော်မတိုင်ခင်မှာ ကမ္ဘာ သိဖြစ်သွားတဲ့ ကျောင်းသားတွေရဲ့ ဒီမိုကရေစီ ပညာရေး တောင်းဆိုမှုနဲ့ သပိတ်အကြမ်းဖက်ဖြိုခွဲ ခံရတဲ့ကိစ္စ၊ ဖယ်ဒရယ်ပြည်ထောင်စုကိစ္စ၊ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ၊ ဆင်းရဲမွဲတေမှုကိစ္စတွေကို ရန်ကုန်မြို့မှာလှည့်လည်ဖျော်ဖြေခဲ့တဲ့ အပြာရဲ့ အနီအဖွဲ့က သံချပ်တွေနဲ့ ဟစ်ကြွေးတင်ပြခဲ့တာတွေ့ ရပါတယ်။
2015-04-16
မနေ့က သြင်္ကန်အကြက်နေ့ညမှာ သာကီနွယ်သံချပ် အဖွဲ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ရွှေစင် မဏ္ဍပ်မှာ ဖျော်ဖြေခဲ့ကြပါတယ်။ ရွှေစင်မဏ္ဍပ် ဟာ ရေကစားမဏ္ဍပ်သီးသန့်မဟုတ်ပဲ သံချပ်တွေ ယှဉ်ပြိုင်ကြတဲ့ မဏ္ဍပ်ဖြစ်ပါတယ်။
2015-04-16
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ် ပန်ဆန်းမြို့မှာ မေလ ၁ ရက်နေ့မှာ စတင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံကို အစိုးရနဲ့ လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ ကိုးကန့်၊ ရခိုင်နဲ့ တအာင်းလွတ်မြောက်ရေးအဖွဲ့တွေကို မဖိတ်ကြားဖို့ အစိုးရက တားမြစ်ထားပါတယ်။
2015-04-13
၂၀၁၅ မြန်မာ့ရိုးရာမဟာသြင်္ကန်အတွက် သံချပ်အဖွဲ့တွေ အဆင်သင့်ဖြစ်နေကြပါပြီ။ သံချပ်စိစစ်ရေးကော်မတီရှိတဲ့အတွက် စာသားတွေဖြတ်တောက်ခံရတာကြောင့် စိတ်မကျေနပ်နိုင်သူတွေရှိသလို ကိုယ့်အနုပညာကို မဖြတ်မတောက်ဘဲ တင်ဆက်သွားမယ်ဆိုသူတွေလည်းရှိပါတယ်။