ကိုးကန့်၊ တအာင်းနဲ့ ရခိုင်အဖွဲ့တွေကို ညီလာခံမဖိတ်ဖို့ အစိုးရတားမြစ်
2015.04.16
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ် ပန်ဆန်းမြို့မှာ မေလ ၁ ရက်နေ့မှာ စတင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံကို အစိုးရနဲ့ လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ ကိုးကန့်၊ ရခိုင်နဲ့ တအာင်းလွတ်မြောက်ရေးအဖွဲ့တွေကို မဖိတ်ကြားဖို့ အစိုးရက တားမြစ်ထားပါတယ်။
ဒီလို တားမြစ်မှုကြောင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှာကို သက်ရောက်မှုတွေ ရှိနိုင်သလားဆိုတာကို တိုင်းရင်းသားအဖွဲ့တွေကို မေးမြန်းပြီး RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။