လက်ပံတန်းမြို့က ကျောင်း သားတွေ ရုံးထုတ်တဲ့အကြောင်း တင်ပြချက်
2015.04.23
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ကူညီသူတွေကို လာမယ့် ဧပြီလ ၃ဝ ရက်နေ့မှာ သာယာဝတီမြို့နယ်တရားရုံးမှာ ပြောင်းရွှေ့စစ်ဆေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီနေ့ရုံးထုတ်စဉ်မှာ ကျောင်းသူ ကျောင်းသားတွေနဲ့ သူတို့ရဲ့ မိဘတွေ ဆွေးမျိုးတွေရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက လက်ပံတန်းမြို့ကနေပေးပို့ပြီး မပြုံးမို့မို့ဇင်က စုစည်းတင်ပြထားပါတယ်။