စီမံကိန်းကြီးတွေက ရေမြေ ပတ်ဝန်းကျင် ထိခိုက်ပျက်စီး နိုင်တဲ့အကြောင်း တင်ပြချက်


2015.04.28

ဧရာဝတီမြစ်ဆုံလို၊ သံလွင်မြစ်ပေါ်က တာဆန်းတို့ ဟတ်ကြီးတို့လို ရေကာတာကြီးတွေ လက်ပန်တောင်းတောင်လို ကြေးနီတောင်လို သတ္တုတူးဖေါ်ထုတ်လုပ်ရေး စက်ရုံကြီး တွေလို ဖွံ့ဖြိုးရေးဆိုတဲ့  စီမံကိန်းကြီးတွေ စီစဉ် လုပ်ကိုင်ကြတဲ့အခါမှာ ဒေသခံပြည်သူ တွေရဲ့ စားသောက်နေထိုင်မှုဘဝတွေ၊ ခေတ်အဆက်ဆက်ရှိခဲ့တဲ့ ရိုးရာဓလေ့တွေ၊ ရေမြေပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်တာတွေကို အာဏာပိုင်တွေအနေနဲ့  မလေ့လာ မစူုးစမ်းဘဲ ထင်ရာစိုင်း လုပ်ကြရင် ပြဿနာတွေ ကြီးမား လာနိုင်တယ်လို့ ပညာရှင်တွေ က သုံးသပ်ကြပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု၊ နာမည်ကျော် ဂျော့ချ်တောင်း တက္ကသိုလ်က ရေမြေပတ်ဝန်းကျင်ဆိုင်ရာ သုတေသီ၊ ဥပဒေပညာရှင် ပါမောက္ခ Kirk Talbot ကို တွေ့ဆုံ မေးမြန်းပြီး ဦးခင်မောင်ညိန်းက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။