သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-22
စက်တင်ဘာ လဆန်းကနေ ဒီဇင်ဘာ လလယ်အထိ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးပြန်ပို့ခဲ့တဲ့ တရုတ်နိုင်ငံသား ပျမ်းမျှ လေးသောင်းကျော် ရှိနေပါပြီ။
2023-12-21
ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ရှောင်တစ်ခင်ဝင်ရောက်ဖမ်းဆီးချိန်မှာ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်သူငါးရာကျော် ဖမ်းဆီးခံခဲ့ရပြီး ဒီထဲ မြန်မာနိုင်ငံသား ၅၀ ကျော် ပါဝင်ပါတယ်။
2023-12-21
ပြည်တွင်းက ဆန့်ကျင်သူတွေကို နှိမ်နင်းနေတဲ့ စစ်ကောင်စီလေတပ်အတွက် ရုရှားနိုင်ငံလုပ် ဘက်စုံသုံး စတုတ္ထမျိုးဆက် Su-30SME နှစ်စင်းရောက်ရှိသွားပါပြီ။
2023-12-21
ရှမ်းမြောက်ဒေသတိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ လူငယ်တွေကို MNDAA က ဖမ်းဆီးပြီး အဓမ္မ စစ်သားစုဆောင်းနေတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ပြန်လွတ်လာသူတွေက ပြောပါတယ်။
2023-12-21
ပဲခူးတိုင်းအရှေ့ပိုင်းမှာ နိုဝင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ တစ်လခွဲအတွင်း စစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် ၂၆ ယောက် သေဆုံးပြီး ၇၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။
2023-12-21
နိုင်ငံတစ်ဝန်း တိုက်ပွဲတွေပြင်းထန်နေချိန်မှာပဲ ရုရှားထုတ် SU-30 SME ဂျက်တိုက်လေယာဉ်နှစ်စင်းကို စစ်ကောင်စီရဲ့ လေတပ် (၇၆) နှစ်မြောက်နေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ လွှဲပေးလိုက်ပါတယ်။
2023-12-20
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေ သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အစာငတ်ခံဆန္ဒပြနေပါတယ်။
2023-12-20
စစ်တပ်ကို လောင်စာဆီရောင်းချနေတဲ့ ကုမ္ပဏီကြီးတွေ ငွေကြေးလွှဲပြောင်းမှုအပါအဝင် တစ်ဆင့်ခံကူညီနေတဲ့ ဘဏ်တွေကို ပိတ်ဆို့အရေးယူဖို့ NUCC က အမေရိကန်နဲ့ ဗြိတိန်အစိုးရကို တောင်းဆို လိုက်ပါတယ်။
2023-12-20
ကယားပြည်နယ် (ကရင်နီပြည်) မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ အခုဆို အချိန်တစ်လကျော် ရှိလာပါပြီ။
2023-12-20
စစ်ကောင်စီကိုလေယာဉ်ဆီရောင်းနေတဲ့ကုမ္ပဏီတွေကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့နောက်မှာ စစ်ကောင်စီကလည်း လေယာဉ်ဆီကို ထိန်းလိုက်လို့ အခုလို သိသိသာသာဖြစ်လာတာလို့ လေ့လာသူတွေက ပြောပါတယ်။
2023-12-19
မြောက်ပိုင်းသုံးဖွဲ့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် တပ်စခန်းတွေကို စွန့်ခွာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိုများလာတယ်လို့ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။
2023-12-19
ရမ်းဗြဲမှာ စစ်ကောင်စီတပ်နဲ့ AA တို့ ဒီဇင်ဘာ ၁၈ ရက်က တိုက်ပွဲဖြစ်ပြီးနောက် လူဦးရေတစ်သောင်းကျော်ရှိတဲ့ မြို့ခံတွေအားလုံးနီးပါး ထွက်ပြေးနေကြရပါတယ်။
2023-12-19
စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက် ဖြတ်ထားတဲ့ ကယားပြည်နယ်က ဒေသတချို့မှာ Starlink အင်တာနက်စနစ် သုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-12-18
စစ်ကောင်စီသက်ဆိုးရှည်စေမယ့် အားပေးထောက်ခံတဲ့ လုပ်ရပ်တွေမလုပ်ဖို့ လူထုအခြေပြုအဖွဲ့ ၂၅၅ ဖွဲ့က တရုတ်ပြည်သူ့ သမ္မတ ရှီကျင့်ဖျင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တောင်းဆိုလိုက်ပါတယ်။
2023-12-18
နိုင်ငံတစ်ဝန်းအိုးအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းခွဲကျော်ရှိလာပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။