သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-14
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင် FFM ရဲ့ အစီရင်ခံစာကို လာမယ့် စက်တင်ဘာလမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ရမှာဖြစ်ပါတယ်။
2019-05-14
မြန်မာ့တပ်မတော်ကို အကူအညီတွေ ဖြတ်တောက်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM က နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
2019-05-14
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ဌာနဆိုင်ရာဝန်ထမ်းအဆင့်သာမက ဘယ်လို ရာထူးကြီးငယ်မဆို တိကျစွာ အရေးယူနိုင်ဖို့ ဥပဒေကြောင်းအရ လိုအပ်ချက်တွေကို ပြင်ဆင်သင့်ကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး မြင့်ဆွေ က မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ထောက်ပြဆွေးနွေးခဲ့ပါတယ်။
2019-05-14
ရခိုင်ရွာသားတွေ ဥပဒေမဲ့သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ မှန်ကန်တဲ့ရပ်တည်ချက်ပြဖို့နဲ့ ခိုင်မာတဲ့အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
2019-05-13
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီအနေနဲ့ စစ်ဘေး ဒုက္ခသည်တွေကို ထောက်ပံ့လှူဒါန်းတာတွေ လုပ်နေတာအပြင် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး ရရှိအောင်ဆောင်ရွက်နိုင်ဖို့အတွက် မြေပြင်ကွင်းဆင်းလေ့လာတာတွေလုပ်သင့်ကြောင်း ရခိုင်တိုင်းရင်းသားအရပ်ဖက်အဖွဲ့အစည်းတွေက ပြောကြပါတယ်။
2019-05-13
နယ်မြေအငြင်းပွားမှုနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့က အပစ်ရပ်စဲကြောင်း ပြီးခဲ့တဲ့ရက်က ကြေညာလိုက်တဲ့အပေါ် ရှမ်းနိုင်ငံရေးခေါင်းဆောင်တွေက ကြိုဆိုလိုက်ကြပါတယ်။
2019-05-13
ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့ကြားမှာ ဒီနေ့ တနင်္လာမနက်ကစလို့ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်နေပြီး နှစ်ဖက် အထိအခိုက် အကျအဆုံး ရှိတယ်လို့ သတင်းရရှိပါတယ်။
2019-05-10
သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်အပေါ် ကျေနပ်မှုမရှိတာကြောင့် ဆက်တိုက်ဆိုသလို အကျဉ်းထောင် ခြောက်ခုမှာ ဆူပူမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်ပြီး သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေတယ်လို့ ယူဆကြောင်း၊ ဒီအဖြစ်မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးသွားမယ်လို့ သမ္မတရုံးက မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2019-05-10
ဒီနေ့ခေတ် တိုးတက်နေတဲ့နိုင်ငံတွေမှာ အကျဉ်းသားတွေကို နောင်ကြဉ်အောင် ပြစ်ဒဏ်ပေးတယ်ဆိုတာထက် သူတို့ကိုလည်း လူသားတွေအဖြစ် အသိအမှတ်ပြုဆက်ဆံပြီး၊ အတွေးအခေါ်နဲ့ဆင်ခြင်တုံတရားတွေ ပြောင်းသွားအောင် စိတ်ပညာရှင်တွေ၊ ဆေးပညာရှင်တွေနဲ့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။
2019-05-09
မြန်မာ့ကဗျာနဲ့ စာပေလောကမှာ လူအများလေးစားကြည်ညိုခံရပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ရှင်သန်နေထိုင်သွားခဲ့တဲ့ ကွယ်လွန်သူကဗျာဆရာကြီး ဒဂုန်တာရာကို မေလ ၁ဝ ရက်နေ့မှာ မွေးဖွားခဲ့တဲ့အတွက် ဒီနေ့ဟာ သူ့ရဲ့ မွေးနေ့ရာပြည့်ဖြစ်ပါတယ်။
2019-05-09
လူသေဆုံးမှုအထိရှိခဲ့တဲ့ ရွှေဘိုအကျဉ်းထောင်ဆူပူမှုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး ထောင်တွင်းဆူပူမှု ဗွီဒီယိုဖိုင်တွေ လူမှုကွန်ရက်မှာ တပြိုင်နက်တည်း ထုတ်လွှင့်တာတွေကိုလည်း ထောင်ဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။
2019-05-09
ရိုက်တာသတင်းထောက် ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့ ပြန်လည်လွတ်မြောက်လာခဲ့ကြပေမယ့် ဖိနှိပ်တဲ့ဥပဒေမျိုးတွေ သတင်းမီဒီယာအပေါ် ဆက်လက်သုံးစွဲနေသမျှ မြန်မာ့သတင်းလွတ်လပ်ခွင့်ဟာ ဆက်လက် ခြိမ်းခြောက်ခံနေရဦးမှာပါလို့ သတင်းသမားတွေကဆိုပါတယ်။
2019-05-09
သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဟာ မမျှတဘူးဆိုပြီး ရွှေဘို၊ ကလေး (မော်လိုက်)၊ သာယာဝတီ၊ မြစ်ကြီးနား၊ ဘားအံ (တောင်ကလေး)၊ ပုသိမ် စတဲ့ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းသားတွေ ဆူပူဆန္ဒပြတောင်းဆိုမှုတွေရှိနေပါတယ်။
2019-05-09
မေလ ၈ ရက်နေ့ညနေပိုင်းက ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်ရင်း ပြေးလမ်းချော်သွားခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။
2019-05-08
ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွင်း မှာ သံသယနဲ့ ဖမ်းစီးစစ်ဆေးတဲ့ အခါ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်ဖို့ အစိုးရအနေနဲ့ အမြန်ဆုံးညွှန်ကြားပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြည်နယ်လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။