သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-21
လွှတ်တော်ကိုယ်စားလှယ်တာဝန်ကနေ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအပေါ် ဆွေးနွေးမှု ကို ဆိုင်းငံ့ထားသင့်ကြောင်း လွှတ်တော်ကိုယ်စား လှယ်အများစုက ထောက်ခံတာကြောင့် ပြည်ထောင်စု လွှတ်တော်မှာ အဲ့ဒီဥပဒေကြမ်းကို ဆွေးနွေးမှု ဆိုင်းငံ့လိုက်ပါတယ်။
2015-08-20
လွှတ်တော်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီ ၁၉ ပါတီ ထဲက ၁၃ ပါတီက ကိုယ်စားလှယ်တွေဟာ လွှတ်တော်ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို အလျင်အမြန် မဆွေးနွေး သင့်ကြောင်း ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီထံ တင်ပြကြတယ်လို့ သိရ ပါတယ်။
2015-08-19
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်သွင်းထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ကို NLD အနေနဲ့ လက်မခံကြောင်း ဒီနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ပြောလိုက်ပါတယ်။
2015-08-14
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ သူရဦးရွှေမန်းကို ဖယ်ရှားလိုက်ပြီး ဒုတိယဥက္ကဌတစ်ဦးအဖြစ် တာဝန် ယူခဲ့တဲ့ ဦးဌေးဦးကို ပူးတွဲဥက္ကဌအဖြစ် တာဝန်ပေး လိုက်သလို ဗဟိုအလုပ်အမှုဆောင် အသစ်တွေ ကိုလည်း အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပါတယ်။
2015-08-13
တပ်မတော်ကနေ အနားယူပြီး လာ မယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်အသစ်တွေ ကြိုဆိုပွဲအခမ်းအနားကို နေပြည်တော်က အဲဒီပါတီ ဌာနချုပ်မှာ ကျင်းပခဲ့ပါတယ်။
2015-08-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ပဲခူးတိုင်း (အနောက်ခြမ်း) က ပြည်၊ ရွှေတောင်၊ သဲကုန်း၊ ပေါင်းတည်၊ ဇီးကုန်း စတဲ့မြို့နဲ့ လမ်းတလျှောက်က ကျေးရွာတွေမှာ ဒေသ ခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2015-08-09
ဒီနေ့ ကျရောက်တဲ့ ၂၇ နှစ်မြောက် ရှစ်လေးလုံး နှစ် ပတ်လည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်း ကျွန်းမြို့နယ်က ဓမ္မပီယဘုန်းကြီးကျောင်းမှာ ကျင်းပ ခဲ့ပါတယ်။
2015-08-09
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yang Hee Lee ဟာ သူ့ရဲ့ ၆ ရက်ကြာခရီးစဉ်အပြီး မနေ့ညက ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ ကုလသမဂ္ဂရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်း ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ သူလေ့လာတွေ့ရှိချက်တွေကို သတင်းမီဒီယာတွေကို ရှင်းပြတာဖြစ်ပါတယ်။
2015-08-09
ဒီနေ့ ကျရောက်တဲ့ ၂၇နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ရှစ်လေးလုံးသမိုင်းပြတိုက်ကို သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းမှာ ဖွင့်လှစ်လိုက်ပါတယ်။
2015-08-06
ပဲခူးတိုင်းဒေသကြီး သာယာဝတီနဲ့ လက်ပံတန်း၊ ဧရာဝတီတိုင်းဒေသကြီးက ညောင်တုန်းနဲ့ ဟင်္သာတမြို့နယ်တွေမှာ မြစ်နဲ့ ချောင်းရေတွေ တက်လာတာများတာကြောင့် မြို့နယ်တွေ မှာ ရေဖုံးလွှမ်းတာတွေ သိသာလာနေပါတယ်။
2015-08-02
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နဲ့ အနီးတဝိုက် ဟာ ရေမြုပ်နေဆဲဖြစ်ပြီး ရေဘေးဒုက္ခသည်အများစု ဟာ အကူအညီတွေ လိုအပ်နေဆဲဖြစ်ပါတယ်။
2015-08-02
မြန်မာနိုင်ငံတဝှမ်းက ရေဘေးသင့်ဒေသတွေကို လှူဒါန်းဖို့အတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကအဖွဲ့ဝင်တွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ အနုပညာရှင်တွေစုပေါင်းပြီး ရန်ကုန်မြို့မှာ အလှူငွေလိုက်လံကောက်ခံနေပါတယ်။
2015-07-31
ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်း မုန်တိုင်း ဖြစ်နေတာကြောင့် စစ်ကိုင်းတိုင်း ၊ မကွေး တိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီ၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ရေကြီး တာတွေ၊ မြေပြိုတာတွေဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
2015-07-31
နိုင်ငံတော်အစိုးရက အကျဉ်းထောင်အသီးသီးက အကျဉ်းသား ခုနှစ်ထောင်နီးပါးကို ဒီနေ့ လွှတ်ပေးရာမှာ နိုင်ငံရေးအရ ပြစ်ဒဏ်ကျခံရသူတွေ ဆယ်ဂဏန်းလောက်သာ ပါဝင်တယ်လို့ သိရပါတယ်။
2015-07-27
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ရက်နေ့ကစပြီး မန္တလေး၊ စစ်ကိုင်း၊ ကချင်၊ ရှမ်း၊ ပဲခူး စတဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ မိုးဆက်တိုက်ရွာနေတာကြောင့် ရေ ကြီးရေလျှံမှုတွေ ဖြစ်နေပြီး လူသေဆုံးမှုတွေ အထိ ဖြစ်နေပါတယ်။