ရှစ်လေးလုံး ၂၇ နှစ်မြောက် အရေးတော်ပုံ အထိမ်းအမှတ်ပြတိုက် ဖွင့်လှစ်
2015.08.09
ဒီနေ့ ကျရောက်တဲ့ ၂၇နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ရှစ်လေးလုံးသမိုင်းပြတိုက်ကို သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းမှာ ဖွင့်လှစ်လိုက်ပါတယ်။
အဲ့ဒီ ပြတိုက်မှာ ရှစ်လေးလုံးအရေးအခင်းတုန်းက ဓါတ်ပုံ၊ ပန်းချီ၊ သတင်းစာ၊ စာစောင်တွေ၊ စာကူးစက်၊ ရင်ထိုးတံဆိပ် စတဲ့အရေးအခင်းကာလအတွင်း အသုံးပြုခဲ့တဲ့ပစ္စည်းတွေကို ပြသထားပါတယ်။ RFA သတင်းထောက် မရွှေရည်မဉ္ဇူက တင်ပြထားပါတယ်။