ရေဘေးအတွက် ရန်ကုန်မှာ အလှူငွေကောက်ခံနေတဲ့အကြောင်း တင်ပြချက်


2015.08.02

မြန်မာနိုင်ငံတဝှမ်းက ရေဘေးသင့်ဒေသတွေကို လှူဒါန်းဖို့အတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကအဖွဲ့ဝင်တွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ အနုပညာရှင်တွေစုပေါင်းပြီး ရန်ကုန်မြို့မှာ အလှူငွေလိုက်လံကောက်ခံနေပါတယ်။

ဒီကနေ့ တောင်ဥက္ကလာ ၁ဝ ရပ်ကွက်၊ လှည်းတန်း၊ ယုဇနပလာဇာ စတဲ့နေရာတွေမှာ အလှူငွေလိုက်လံကောက် ခံနေတာဖြစ်ပါတယ်။ RFAသတင်းထောက် မရွှေရည်မဉ္ဇူက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။