လွှတ်တော်ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း
2015.08.20
လွှတ်တော်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီ ၁၉ ပါတီထဲက ၁၃ ပါတီက ကိုယ်စားလှယ်တွေဟာ လွှတ်တော်ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အလျင်အမြန် မဆွေးနွေးသင့်ကြောင်း ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီထံ တင်ပြကြတယ်လို့ သိရပါတယ်။
ကျန်တဲ့ နိုင်ငံရေးပါတီ ၆ ခုက ကိုယ်စားလှယ်တွေကတော့ အဲ့ဒီဥပဒေကြမ်းကို အမြန်ပြဌာန်းသင့်ကြောင်း ဆွေးနွေးတယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက ဒီနေ့ အစီရင်ခံစာ တင်သွင်းရာမှာ ပြောခဲ့ပါတယ်။
အဲ့ဒီဥပဒေကြမ်းအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်နဲ့ ကိုဝင်းနောင်တိုးတို့က ပေးပို့ထားပြီး သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။