မစ္စ ရန်ဟီးလီရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း တင်ပြချက်
2015.08.09
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yang Hee Lee ဟာ သူ့ရဲ့ ၆ ရက်ကြာခရီးစဉ်အပြီး မနေ့ညက ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ ကုလသမဂ္ဂရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်း ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ သူလေ့လာတွေ့ရှိချက်တွေကို သတင်းမီဒီယာတွေကို ရှင်းပြတာဖြစ်ပါတယ်။
RFA သတင်းထောက် ကိုအောင်သိင်္ခက ကောက်နှုတ်တင်ပြထားပါတယ်။