သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-08-25
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း မတည်ငြိမ်မှုတွေကို မြန်မာပြည်သူတွေ ခါးစည်းခံနေရသလို ရခိုင်ပြည်နယ်မှာလည်း ရိုဟင်ဂျာတွေ ကူကယ်ရာမဲ့ ဖြစ်နေပါတယ်။
2024-08-25
လာမဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲကျင်းပမှာဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။
2024-08-24
ဒီပဲယင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီး တစ်ပတ်အကြာ ဒီနေ့မှာ ဒီပဲယင်း-ရေဦး ကားလမ်းတစ်လျှောက်က ရွာတွေကို စစ်ကြောင်းထိုး စီးနင်းဝင်ရောက်ပြီး နေအိမ်တွေကိုပါ မီးရှို့နေတာကြောင့် ဒေသခံတစ်သာင်းခန့် ထပ်မံထွက်ပြေးနေရပါတယ်။
2024-08-23
မြို့ပြမှာ လေကြောင်းနဲ့ လက်နက်ကြီးရန်က ကင်းဝေးပေမဲ့ အဆမတန် မြင့်တက်နေတဲ့ ကုန်စျေးနှုန်းနဲ့ အိမ်ငှားခစျေးတွေကြောင့် အချိန်ကြာလာတာနဲ့အမျှ အခက်အခဲနဲ့ ပိုကြုံနေရတယ်လို့ ထွက်ပြေးတိမ်းရှောင်လာသူတွေက ပြောပါတယ်။
2024-08-23
စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို နိုင်ငံရေးအရ ဖိနှိပ်လာတာဖြစ်ပြီး မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အဆိုးရွားဆုံး ကြုံနေရပါတယ်။
2024-08-23
ဩဂုတ် ၁ ရက်နေ့ကစလို့ (PJ) ပတ်စ်ပို့နဲ့ အထောက်အထား အပြည့်အစုံပါပေမဲ့လည်း အသက် ၂၃ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေကိုတော့ ရန်ကုန်လေဆိပ်မှာ စိစစ်ပြီး ပြန်လွှတ်ခဲ့တာလို့ ဆိုပါတယ်။
2024-08-22
ဈေးနှစ်ဆပေးဝယ်ရပေမဲ့လည်း လိုသလောက်ဝယ်ယူမရတာကြောင့် လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ နေ့စဉ် စက်သုံးဆီအသုံးပြုနေရသူတွေက ဆိုပါတယ်။
2024-08-22
စစ်ကောင်စီ ဗဟိုဘဏ်က ဘဏ်အတိုးနှုန်းတွေ တိုးမြှင့်သတ်မှတ်လိုက်တာဟာ မြန်မာကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းနေတဲ့ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘဲ တိုင်းပြည်စီးပွားရေးကို ထိခိုက်စေနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေက ဝေဖန်ကြပါတယ်။
2024-08-22
မကွေးတိုင်း ပခုက္ကူမြို့နယ်က စပယ် - သာကြီးတောင် ရေနံမြေနဲ့ ဂန့်ဂေါမြို့နယ် ကျောတိုက်နယ်က ပုထိုးလုံ ရေနံမြေ နှစ်ခုကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပါတယ်။
2024-08-21
မောင်တောမှာ ရိုဟင်ဂျာ နှစ်သောင်းခန့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး ရိုဟင်ဂျာ ၃၅၀ ခန့်ဟာ ဝမ်းပျက်ဝမ်းလျှောနဲ့ ငှက်ဖျားရောဂါကြောင့် ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။
2024-08-21
အင်တာနက်ဆက်သွယ်ရေးနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့တွေရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံထဲက မြို့နယ်ပေါင်း ကိုးဆယ်ကျော်မှာ ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့နေရာ သုံးရာကျော် ရှိနေပါတယ်။
2024-08-20
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာစက်လှေတစ်စီးဟာ ဩဂုတ် ၁၉ ရက် မနေ့က နတ်မြစ်ထဲမှာ တိမ်းမှောက်ခဲ့ပြီး လူပေါင်း ၃ဝ ကျော်သေဆုံးသွားတယ်လို့ မျက်မြင်တွေ့တဲ့သူတွေက ပြောပါတယ်။
2024-08-20
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်အထိ ရှိနေပြီး လက်ရှိ နေထိုင်စားသောက်ရေး ပိုမိုခက်ခဲနေကြတယ်လို့ ပြောကြပါတယ်။
2024-08-20
နိုင်ငံတစ်ဝန်း ဩဂုတ်လဆန်းကစပြီး စက်သုံးဆီပြတ်လပ်မှု ရင်ဆိုင်နေရပေမဲ့ စစ်ကောင်စီကတော့ ပြည်တွင်းဆီလက်ကျန်နဲ့ ပြည်ပက ထပ်ရောက်မဲ့ ဆီတင်သင်္ဘောတွေအရ စက်သုံးဆီမပြတ်နိုင်ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။
2024-08-20
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဖော်ဆောင်နေတဲ့ အညာဒေသ မဟာဗျူထိုးစစ် စစ်ရေးအရှိန်ဟာ မန္တလေးတိုင်းအပြင် စစ်ကိုင်းတိုင်းကိုပါ ပျံ့နှံ့လာနေပါတယ်။