သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-08
ပြည်တွင်းငြိမ်းချမ်းရေးရရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေပေမယ့်လည်း လက်နက်ကိုင်အဖွဲ့အစည်းတွေက အဖျက်အမှောက်လုပ်နေတာတွေကြောင့် ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးဘဲ နိုင်ငံဘဏ္ဍာငွေတွေ ဆုံးရှုံးနေရတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
2019-02-06
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်အတွင်းက နိုင်ငံရေး ပါတီအသီးသီးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို အချိုးကျထည့်သွင်းပြီး ဖွဲ့စည်းမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ ကြေညာလိုက်ပါတယ်။
2019-02-06
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေ လူမျိုးတုံး သတ်ဖြတ်ခံနေရတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် လက်နက်ကိုင်ပုန်ကန်တဲ့အထိ ဖြစ်လာရတဲ့အကြောင်း ARSA လက်နက်ကိုင်အဖွဲ့က အစီရင်ခံစာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2019-02-06
NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့လေးဖွဲ့ရဲ့ စာမျက်နှာတွေကို Facebook ကုမ္ပဏီက အသုံးပြုခွင့် ပိတ်လိုက်တာဟာ NLD အစိုးရရဲ့ ဖိအားပေးမှုကြောင့် လို့ AA ရက္ခိုင့်တပ်မတော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောလိုက်ပါတယ်။
2019-02-05
မြန်မာနိုင်ငံ ဖံ့ွဖြိုးတိုးတက်ဖို့ တရုတ်နွယ်ဖွားတွေရဲ့ အခန်းကဏ္ဍအရေးပါကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားချက်အပေါ် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လေ့လာသူတွေရဲ့ သဘောထားကို RFA သတင်းထောက် ကိုထက်အာကာ က စုစည်းတင်ပြထားပါတယ်။
2019-02-05
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ဟာ အရပ်သားတွေ တိုက်ခိုက်ခံရတာ၊ အကြမ်းဖက်မှုတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ တာဝန်ရှိတယ်ဆိုတာ သက်သေအထောက်အထားခိုင်လုံတဲ့အတွက်၊ မတည်ငြိမ်မှုတွေ ထပ်ဖြစ်မှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ Facebook ကုမ္ပဏီက သူတို့ရဲ့ စာမျက်နှာတွေကို အသုံးပြုခွင့်မပေးနိုင်တော့ဘူးလို့ ဆိုပါတယ်။
2019-02-05
သတင်းမှားတွေနဲ့ အမုန်းစကားတွေ ဖြန့်ဝေတာ၊ အကြမ်းဖက်မှုလှုံ့ဆော်တာတွေပါတဲ့ စာမျက်နှာတွေကို Facebook က ဖယ်ရှားနေပါတယ်။
2019-02-04
■ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ စတင်ချိန်မှာ စိန်ခေါ်မှု အခက်အခဲတွေ ရှိနေတယ်လို့ မြန်မာ့အရေးလေ့လာသူ ဆောင်းပါးရှင် Larry Jagan က ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားလိုက်ပါတယ်။
2019-02-04
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်မယ်လို့ ပြောဆိုခဲ့တဲ့ NLD အစိုးရလက်ထက်မှာ ညွှန်ကြားရေးမှူးချုပ်တစ်ဦးအပါအဝင် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတချို့နဲ့ ဥပဒေဝန်ထမ်းတချို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အရေးယူဆောင်ရွက်နေတာတွေရှိပေမယ့် အဂတိရှိတယ်လို့ ကျော်ဇောသတင်းတွေ ထွက်နေတဲ့ NLD ပါတီဝင် အစိုးရအဖွဲ့ဝင်တချို့နဲ့ ဥပဒေပြုရေးကဏ္ဍက လူပုဂ္ဂိုလ်တွေကိုတော့ အရေးယူတာ မတေ့ွရဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
2019-02-03
တပ်မတော်ရဲ့ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာချက်ကို ထောက်ခံကြိုဆိုတဲ့ ဆန္ဒပြပွဲကို အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2019-02-03
လက်ရှိအစိုးရအနေနဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကို စစ်အစိုးရလက်ထက်က သဘောတူ လက်ခံထားတာဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်လက်လုပ်ဆောင်ဖို့ မလိုဘဲ ရဲဝံ့စွာ ရပ်တန့်ဖို့လိုကြောင်း မိုးလေဝသနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးထွန်းလွင်က ပြောလိုက်ပါတယ်။
2019-02-03
နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ICG က " မြန်မာပြည်ရဲ့ လူသားချင် းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ ပိုများလာတဲ့လက်နက်ကိုင်ပဋိပက္ခ " ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။
2019-02-03
ရခိုင်ပြည်နယ်မှာ မသင်္ကာတဲ့ နေအိမ်တွေကို ဝင်ရောက်စစ်ဆေးဖို့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကို ပြည်နယ်အစိုးရက ခွင့်ပြုတာဟာ တည်ဆဲဥပဒေချိုးဖောက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စွပ်စွဲခံလာရနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
2019-02-02
ရခိုင်ပြည်နယ် မြို့နယ် ၇ ခုမှာ AA အဖွဲ့က ပြည်သူတွေနဲ့ရောနှောနေတာ ရှိ၊ မရှိ သိနိုင်ဖို့အတွက် ဝင်ရောက် စစ်ဆေးတာတွေလုပ်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အဆင့်ဌာနဆိုင်ရာတွေကို ညွှန်ကြားလိုက်တာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
2019-02-01
သရက်ခရိုင် သရက်မြို့မှာ မနေ့ညက ဘောလုံးပွဲအပြန် လူစုလူဝေးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာက ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်လူစုခွဲခဲ့လို့ ၁၈ ဦးဒဏ်ရာရခဲ့ပြီး ၂ ဦးကို သရက်ခရိုင်ဆေးရုံမှာ တင်ထားရပါတယ်။