Facebook ကုမ္ပဏီကို AA ရခိုင့်တပ်မတော်က မေးခွန်းထုတ်
2019.02.05
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ဟာ အရပ်သားတွေ တိုက်ခိုက်ခံရတာ၊ အကြမ်းဖက်မှုတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ တာဝန်ရှိတယ်ဆိုတာ သက်သေအထောက်အထားခိုင်လုံတဲ့အတွက်၊ မတည်ငြိမ်မှုတွေ ထပ်ဖြစ်မှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ Facebook ကုမ္ပဏီက သူတို့ရဲ့ စာမျက်နှာတွေကို အသုံးပြုခွင့်မပေးနိုင်တော့ဘူးလို့ ဆိုပါတယ်။
သူတို့အဖွဲ့ဟာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကြိုးပမ်းနေတဲ့အဖွဲ့ ဖြစ်တဲ့အတွက် အကြမ်းဖက်အဖွဲ့ မဟုတ်ဘူးလို့ TNLA ကပြောလိုက်သလို၊ Facebook ကုမ္ပဏီအနေနဲ့ လူ့အခွင့်အရေးဆုံးရှုံးနေတဲ့ ပြည်သူတွေဘက်က ရပ်မလား၊ အစိုးရတွေကျေနပ်အောင် ရပ်မလားဆိုပြီး AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက မေးခွန်းထုတ်လိုက်ပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။