သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-21
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်က သဖန်းဆိပ်ဆည်တည်ဆောက်ချိန်မှာ နေရပ်ရွှေ့ပြောင်း ပေးရတဲ့ တောင်သူလယ်သမားတွေက မြေယာလုပ်ပိုင်ခွင့် လျှောက်ထားတဲ့အခါ သစ်တောမြေဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားဝင်လုပ်ပိုင်ခွင့် အထောက်အထား ခုထိမရသေးတဲ့အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2020-01-21
မြန်မာနိုင်ငံတွင်းက စစ်ဘေးဒဏ်သင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုတွေကို ဟန့်တားနိုင်ရေးအတွက် တပ်မတော်အပါဝင် လက်နက်ကိုင်ပဋိပက္ခမှာပါဝင်သူတွေအားလုံး ပူးပေါင်းပါဝင်ကြဖို့ ကုလသမဂ္ဂက ဇန်နဝါရီ ၂ဝ ရက်နေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2020-01-21
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားတာကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ မြန်မာ စံတော်ချိန် ၃ နာရီခွဲမှာ ကြားဖြတ်အမိန့်တစ်ရပ်ချမှတ်မှာပါ။
2020-01-21
မြန်မာ-တရုတ်နယ်စပ်မှာ လူကုန်ကူးသူတွေလက်ထဲက ပြန်လည်ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ စစ်ကိုင်းတိုင်းက မင်းကွန်းသူဟာ မူဆယ်နယ်စပ်မြို့ကနေ မန္တလေးသို့ ရောက်ရှိလာပြီးတော့၊ မင်းကွန်းက သူ့မိသားစုနဲ့ ပြန်လည်ပေါင်း စည်းနိုင်ခဲ့ပါတယ်။
2020-01-21
အပစ်ရပ် လက်နက်ကိုင် ၁ဝ ဖွဲ့ထဲမှာ တပ်မတော်နဲ့ တိုက်ပွဲပြန်ဖြစ်မှု အများဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ RCSS/SSA အဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး စိုင်းငင်းက သူတို့ရဲ့ ထိန်းချုပ်နယ်မြေအတွင်း တပ်ပိုင်းဆိုင်ရာကိစ္စတွေ ပြေလည်နိုင်ဖို့ ဒီလ မကုန်ခင် တပ်မတော် ညှိနှိုင်းရေးအဖွဲ့နဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးမယ်လို့ ပြောလိုက်ပါတယ်။
2020-01-20
ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့အကြီးဆုံးခေါင်းဆောင် သမ္မတရှီကျင့်ဖျင်က နှစ်နိုင်ငံသံတမန် ထူထောင်တဲ့အနှစ် ၇ဝ ပြည့်ချိန်ကို အကြောင်းပြုပြီး မြန်မာနိုင်ငံကို လာသွားခဲ့ပါပြီ။ ဒီခရီးစဉ်အတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မယ့် သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာနဲ့ စာချုပ်ပေါင်း ၃၃ ခု ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
2020-01-19
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ခွင့်ရမယ်ဆိုရင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ထိရောက်မယ်လို့ ယုံကြည်ကြောင်း ဘာသာရေးခေါင်းဆောင်တွေက ပြောကြပါတယ်။
2020-01-19
ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းဝန်းကျင်ရှိတဲ့ အထဲမှာ ထက်ဝက်လောက်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ မဟုတ်ဘဲ နီးစပ်ရာ နေရာတွေမှာ ခိုလှုံနေကြရပါတယ်။ ကာလကြာရှည်လာတဲ့ တိုက်ပွဲတွေကြောင့် အဲဒီဒုက္ခသည်တွေ စားသောက်နေထိုင်ရေး အခက်အခဲတွေ ကြုံနေကြပါတယ်။
2020-01-18
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ နှစ်ရက်ကြာ မြန်မာပြည်ခရီးစဉ်အကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် က တင်ပြထားပါတယ်။
2020-01-17
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာပြည်ခရီးစဉ်ကို ကြိုဆိုကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ လေးဖွဲ့က ကြေညာချက်တွေ အသီးသီးထုတ်ပြန်ရာမှာ UWSA၊ AA နဲ့ TNLA အဖွဲ့တွေက ခေတ်သစ်ပိုးလမ်းမစီမံကိန်း BRI ကို လက်ခံကြိုဆိုကြောင်း ပြောကြပါတယ်။
2020-01-16
ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ ဂမ်ဘီယာနိုင်ငံက အမျိုးသမီးတွေဟာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ မြန်မာနိုင်ငံက လူမျိုးရေး-ဘာသာရေး ပဋိပက္ခတွေကို လေ့လာနေသူရဲ့ ရှုထောင့်ကို ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2020-01-16
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် မြို့နယ်အသီးသီးကနေ စစ်တွေ မြို့ကို ထွက်ပြေးရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည် ၇၀၀ နီးပါးခန့်ရှိပြီး နေရပ်ပြန်ဖို့ ခက်ခဲနေတာကြောင့် စစ်တွေမြို့မှာ အခြေချဖို့ကြိုးစားလာကြ တာတွေရှိလာပါတယ်။
2020-01-15
လူအတွက် စားဝတ်နေရေးဆိုတဲ့ အရေးသုံးပါးမှာ နေ့စဉ်သုံးအစားအသောက်တွေကစလို့၊ ကလေးတွေရဲ့ မုန့်ပဲသရေစာအထိ တရုတ်ပစ္စည်းတွေက နေရာယူထားသလို၊ အဝတ်အထည်နဲ့ နေထိုင်ရေးအတွက် ဆောက်လုပ်ရေးပစ္စည်းတွေကလည်း တရုတ်ပစ္စည်းကို အများဆုံးသုံးနေရတာ ဆယ်စုနှစ်နဲ့ ချီနေပါပြီ။
2020-01-15
စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းဒေသ မှာ အခုနှစ်ဆန်းပိုင်းမှာပဲ သေဆုံးထိခိုက် ဒဏ်ရာရသူဟာ ၂၀ လောက်အထိ ရှိခဲ့ပါတယ်။
2020-01-14
ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း တပ်မတော်ဘက်က အရာရှိတွေကျတဲ့ ဗီဒီယိုဖိုင်တစ်ခုပျံ့နှံ့ခဲ့သလို၊ တိုက်ပွဲကျတဲ့သတင်းကို ဆွေမျိုးတော်စပ်သူတွေက လူမှုကွန်ရက်ပေါ်မှာ တင်လာကြပါတယ်။