ပြန်လာမယ့်ရိုဟင်ဂျာတွေ လုံခြုံရေးအတွက် အစွမ်းကုန်ကြိုးစားမယ်လို့ နိုင်ငံတကာကို NLD ပြော


2018.11.09
rohingya-622 ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်း
Photo: RFA

ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာမယ့် ရိုဟင်ဂျာတွေအတွက် NLD အစိုးရအနေနဲ့ လုံခြုံရေးကို ရာနှုန်းပြည့် အပြည့်အဝ တာဝန်ယူဖို့ အခက်အခဲရှိတယ်ဆိုတာ မှန်ပေမယ့် အစွမ်းကုန်ကြိုးစားသွားမယ်လို့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က RFA ကိုပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို မကြာခင် နေရပ်ပြန်ပို့ရေးကိစ္စဟာ အန္တရာယ်များပြီး စောလွန်းနေတဲ့အပြင် ဒုက္ခသည်တွေအနေနဲ့လည်း နေရပ်ပြန်ရမှာကို စိုးရိမ်နေကြတယ် လို့ နိုင်ငံတကာ NGO အဖွဲ့ ၄၂ ဖွဲ့က ကြေညာချက် ထုတ်ပြန်တာနဲ့ပတ်သက်လို့ ဒေါက်တာ မျိုးညွန့်က ပြောလိုက်တာပါ။ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ပိုပြီးအောင်မြင်နိုင်မယ်လို့လည်း ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား သဘောတူညီချက်အရ စုစုပေါင်း ၂၂ဝဝ ကျော်ကို ပထမဆုံး အသုတ်အနေနဲ့ လက်ခံသွားဖို့ စီစဉ်ထားပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။