ပိတ်လှောင်ခံရမှာ စိုးရိမ်လို့ ရိုဟင်ဂျာတွေ မပြန်လိုကြ

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2023.05.08
ပိတ်လှောင်ခံရမှာ စိုးရိမ်လို့ ရိုဟင်ဂျာတွေ မပြန်လိုကြ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာခဲ့ကြသည့် ငါးနှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ် ဘင်္ဂလားဒေ့ရှ်၊ ကုတုပါလောင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်များ ဆန္ဒပြကြစဉ်။
Reuters

မေလ ၆ ရက်၊ ရိုက်တာသတင်းမှာ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ၊ မြန်မာနိုင်ငံကို ပြန်ရင် ဒုက္ခသည်စခန်းတွေအတွင်း ပိတ်လှောင်ခံထားရမှာ စိုးရိမ်ကြတာကြောင့် မပြန်လိုကြဘဲရှိနေကြပြီး ဒုက္ခသည် တွေအနေနဲ့ သူတို့ရဲ့လုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့်ကို အာမခံပေးဖို့ ဆန္ဒရှိနေကြကြောင်း ဖော်ပြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တစ်သန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဘဇားခရိုင်အတွင်းက ဖြစ်သလို ဆောက်လုပ်ထားတဲ့ စခန်းတွေအတွင်း နေထိုင်နေကြတာပါ။ ဒုက္ခသည်အများစုက ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ ဖြိုခွဲမှုကြောင့် ထွက်ပြေးလာခဲ့ကြရတာဖြစ်ပြီး အခုထိမူလနေရပ်ကို မပြန်နိုင်ကြသေးပါဘူး။ အလားတူဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ မြန်မာနိုင်ငံကို အကြိမ်ကြိမ် လာရောက်ခဲ့ကြပေမဲ့ အခုထိ မအောင်မြင်သေးပါဘူး။

ပြီးခဲ့တဲ့ သောကြာနေ့က ရိုဟင်ဂျာဒုက္ခသည် ၂၀ နဲ့ ဘင်္ဂလားဒေ့ရှ် အရာရှိ ခုနစ်ဦး၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ အနီးတဝိုက်က ကျေးရွာတွေကို လာရောက်ခဲ့ကြပြီး ဒုက္ခသည် ပြန်လည်နေရာချထားရေးစီစဉ်ဆောင်ရွက်မှုတွေကို ကြည့်ရှုခဲ့ကြပါတယ်။

ရိုဟင်ဂျာတွေကလည်း ပြန်လည်ခေါ်ယူနေရာချထားရေးဆိုင်ရာ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြပြီး သူတို့အနေနဲ့ လုံခြုံရေးနဲ့နိုင်ငံသားဖြစ်ရေး အာမခံနိုင်မှသာ မူလနေရပ်ပြန်နိုင်မှာဖြစ်ကြောင်း ပြောဆိုကြပါတယ်။ မိမိတို့အနေနဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ပိတ်လှောင်ခံပြီး မနေနိုင်ကြောင်း၊ ကိုယ့်နေရပ် ကိုယ်ပြန်၊ ကိုယ့်အိမ်ကိုယ်ဆောက်ပြီးနိုင်ငံသားအဖြစ် အခွင့်အရေးအပြည့်နဲ့ ပြန်နေချင်ကြောင်း၊ ၃၆ နှစ် အရွယ်၊ ကလေး (၆)ယောက် ဖခင်တစ်ဦးက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာအစိုးရက NVC ခေါ် နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးထားပေမဲ့ ဒီလောက်နဲ့မလုံလောက်ကြောင်း၊ မြန်မာနိုင်ငံဟာ မိမိတို့ရဲ့မွေးရပ်မြေ၊ မိမိတို့ဟာ မြန်မာနိုင်ငံသားဖြစ်ပြီး ဖြစ်ပြီး၊ မြန်မာအဖြစ်နဲ့ နေရပ်ကို ပြန်မှာဖြစ်ကြောင်း၊ NVC နိုင်ငံသားစိစစ်ရေးကတ်ဟာ ရိုဟင်ဂျာတွေကို နိုင်ငံခြားသားအဖြစ် သတ်မှတ်ထားတဲ့အတွက် လက်မခံကြောင်း၊ မိမိတို့အနေနဲ့ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ မူလနေရပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လည်ရောက်ရှိနိုင်ရေးသာဖြစ်ကြောင်း အသက် ၃၅ နှစ်အရွယ်၊ ကလေး သုံးယောက်ဖခင်တစ်ဦးက ပြောဆိုတယ်လို့ ရိုက်တာသတင်းကဖော်ပြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။