ဟိန္ဒူဘာသာဝင်တွေအတွက် နေအိမ်များ
2018.08.03
စစ်တွေနဲ့ မောင်တောမြို့ပေါ်က ယာယီကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်တဲ့ ဟိန္ဒူဘာသာဝင်တွေအတွက် နေအိမ်တွေကို မောင်တောမြို့နယ်ထဲက အောင်ဗလရွာ အနီးမှာ ဆောက်ပေးနေပြီလို့ ဟိန္ဒူဘာသာရေး ခေါင်းဆောင်တွေကပြောပါတယ်။
အဲဒီအိမ်တွေကို ဟိန္ဒူဒုက္ခသည် ဘယ်လောက်များများ ပြောင်းရွှေ့နိုင်မလဲ၊ ဘယ်တော့လောက် ပြောင်းနေနိုင်မလဲ၊ ပြောင်းရွှေ့နေထိုင်ရမယ့်သူတွေရဲ့ သဘောထားက ဘယ်လိုရှိသလဲ ဆိုတာတွေကို RFA ဝိုင်းတော်သူ မခက်မာ တင်ပြထားပါတယ်။