ကချင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူနှစ်ဦး အယူခံပယ်ချခံရ
2018.10.15
စစ်ပွဲအတွင်း ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကယ်ဆယ်နိုင်ရေး မြစ်ကြီးနားမှာ ဦးဆောင်ဆန္ဒပြ ခဲ့တဲ့အတွက် အသရေဖျက်မှုပုဒ်မ ၅ဝဝ နဲ့ တပ်မတော်က တရားစွဲထားတဲ့ ကချင်တိုင်းရင်းသား ၃ ဦးထဲ က ၂ ဦးဟာ ဒီနေ့ အယူခံ ပယ်ချခံခဲ့ရပါတယ်။
မြို့နယ်တရားရုံးမှာ စွဲချက်တင်ထားတာကို ပယ်ဖျက်ပေးဖို့ ကချင်ပြည်နယ် တရားလွှတ်တော်မှာ အယူခံတင်ထားတာကို ဒီနေ့ နှစ်ဘက်စစ်ဆေးပြီး ပြည်နယ် တရားလွှတ်တော်က ပယ်ချလိုက်တာပါ။ RFA သတင်းထောက် ကိုကျော်လွင်ဦး စုစည်းတင်ပြထားပါတယ်။