အမှုတွေ ကြန့်ကြာတဲ့ကိစ္စ တိုင်း လွှတ်တော်မှာ မေးခွန်းမေး


2017.04.24
ygn-parliament-620.jpg ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ရန်ကုန်တိုင်းဒေသကြီးအတွင်းက တရားရုံးတွေမှာ အမှုစစ်ဆေးရာမှာ လိုအပ်တာထက် အချိန်ပိုမကြာဘဲ မှန်မှန် ကန်ကန် ဆောင်ရွက်နိုင်ဖို့ စီမံဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်း လွှတ်တော်အစည်း အဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း က မေးမြန်းခဲ့ပါတယ်။

တရားရုံးတွေမှာ အမှုတွေကိုစစ်ဆေးရာမှာ သာမာန်အမှုငယ်တွေကအစ နှစ်နဲ့ချီပြီး ကြာမြင့်နေတာကို တွေ့ရှိရ တယ်လို့ ဦးကျော်ကျော်ထွန်းက မေးခွန်းမေးမြန်းရာမှာ ထည့်သွင်းပြောကြားသွားပါတယ်။

"ကျနော်တို့ တွေ့ရှိရတဲ့နေရာမှာ တချို့အမှုတွေဟာ သာမန်စကားများ ရန်ဖြစ်တဲ့အမှုတွေဟာလည်း ၈ လမှ ၁ နှစ်လောက်အထိ ကြာရှည်နေတာတွေ တွေ့ရှိရပါတယ်၊ တရားရုံများတွင် အမှုများစစ်ဆေးရာမှာ လိုအပ်သည် ထက် ပိုမိုကြန့်ကြာလျှက်ရှိပါတယ်၊ မှန်ကန်စွာဆောင်ရွက်နိုင်ရန် မည်သို့စီမံဆောင်ရွက်သည် ကို သိရှိလိုပါကြောင်း မေးမြန်းအပ်ပါတယ်"

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တရားရုံးတွေပာာ အမှုစစ်ဆေးရာမှာ ရုံးချိန်းတွေများပြီး အမှုစစ်တဲ့အချိန် ကာလကြာနေတာကြောင့် အမှုသည်ပြည်သူတွေပာာ အလုပ်အကိုင်ပျက်ပြီး စိတ်ဒုက္ခခံစားနေရတာတွေ ရှိနေ တယ်လို့လည်း ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

ဒါ့အပြင် အချို့တရားရုံးတွေဟာ ကျဉ်းမြောင်းလွန်းတဲ့အပြင် တရားလိုတွေ၊ သက်သေထွက်ဆိုရမယ့် ရဲဝန်ထမ်းတွေ နဲ့ မှုခင်းဆရာဝန်တွေက တာဝန်အမျိုးမျိုး ထမ်းဆောင်နေရတဲ့အတွက် ရုံးချိန်းတွေကို မလာရောက်နိုင်ဘဲ မကြာခဏ ချိန်းဆိုနေရတာကိုလည်း တွေ့နေရတယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရဲ့ တရားသူကြီးချုပ် ဦးဝင်းဆွေကတော့ တရားသူကြီးတွေ၊ ရှေ့နေတွေ ဟာ အမှုကိစ္စအများအပြားကို ဆောင်ရွက်နေရတာဖြစ်တဲ့အတွက် အခုလိုအချိန်ကြန့်ကြာတာဖြစ်ပြီး မကြန့် ကြာအောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တိုင်းတရားရုံး၊ ခရိုင်တရားရုံး၊ မြို့နယ်တရားရုံးနဲ့ အထူးတရားရုံး စုစုပေါင်း ၅၄ ရုံးရှိပြီး တရားသူကြီး ၂၅၀ တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။