ကျားဖြူပါတီ ၃ရက်ကြာ ညီလာခံ မူဆယ်မှာ ကျင်းပ
2014.01.08

ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ရဲ့ တတိယအကြိမ်မြောက ်စုံညီညီလာခံကို ရှမ်းပြည်နယ် မူဆယ်မြို့မှာ ဇန်နဝါရီလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၃ရက်ကြာ ကျင်းပနေပါတယ်။
ဒုတိယနေ့အဖြစ် ဒီကနေ့ ဆက်လက်ကျင်းပခဲ့တဲ့ အစည်းအဝေးအတွင်းမှာ ရှမ်းအမျိူးသားများ ဒီမိုကရေစီအဖွ့ဲချုပ် SNLD ပါတီနဲ့ ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး ပါတီဝင်တွေရဲ့ သဘောထားရယူခဲ့ရာ မှာတော့ ရှမ်းပါတီကြီး ၂ ခု ပေါင်းစည်းရေးကို လိုလားပေမယ့် ကျားဖြူပါတီကိုတော့ မဖျက်သိမ်းဘူး ဆိုတဲ့ သဘောထားကိုပေးခဲ့ကြတယ်လို့ ဒီညီလာခံကို တက်ရောက်ခဲ့တဲ့ ကျားဖြူပါတီကိုယ်စားလှယ် လည်းဖြစ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်တစ်ဦး လည်းဖြစ်တဲ့ ဦးရဲထွန်းက ပြောပါတယ်။
ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲကို ကျားဖြူပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မနြက်ဖန်မှာ သဘောထားကြေညာချက် ၇ ချက်ကို ထုတ်ပြန်မယ်လို့လည်း ကျားဖြူပါတီရဲ့ အထွေထွေအတွင်းရေးမှူး စိုင်းလှကျော်က ပြောပါတယ်၊
မူဆယ်မြို့မှာ ၃ ရက်ကြာကျင်းပနေတဲ့ ကျားဖြူပါတီရဲ့ တတိယအကြိမ် ညီလာခံကို မြို့နယ်ပေါင်း ၅၉ မြို့နယ်က ပါတီဝင် ၁၈၀၀ ကျော် တက်ရောက်နေကြတာ ဖြစ်ပါတယ်၊
ဒီညီလာခံအကြောင်း မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။