ဝန်ကြီးဦးအုန်းမြင့်ပြောစကား သမ္မတကြီးအပေါ် အထင်မှားစေလို့ ဦးရဲထွဋ် ဝေဖန်
2014.02.01

capture from youtube
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာ မှာ သောက်သုံးရေရရှိရေးတင်ပြတဲ့ ကျေးရွာသားတွေ ကို ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းခဲ့ပါတယ်။
အဲ့ဒီရုပ်သံဖိုင်ပါ ပြောကြားချက်များနဲ့ ပတ်သက် ပြီး နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ၊ ပြန်ကြားရေးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဝန်ကြီးဦးအုန်းမြင့်ရဲ့ အဲဒီလို ပြောဆို ချက်တွေကြောင့် နိုင်ငံတော် သမ္မတကြီး ရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်း ပါးမှုလျှော့ချရေး လုပ်ငန်းစဉ်တွေအပေါ်မှာ အထင်အမြင်လွဲမှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ စနေနေ့က ပြောကြားလိုက်ပါတယ်။
ဦးခင်မောင်စိုးက တင်ပြထားပါတယ်။