ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ပြည်ထောင်စုရေးအတွက်သာ စဉ်းစားဆွေးနွေးဖို့ UPDJC ဒုဥက္ကဋ္ဌပြော
2018.02.27

ငြိမ်းချမ်းရေးဆွေးနွေးရာမှာ အစုအဖွဲ့တခုချင်းအတွက်မဟုတ်ဘဲ ပြည်ထောင်စုကြီးအရေးအတွက်သာ စဉ်းစားဆွေးနွေးတိုင်ပင်ကြဖို့ တိုက်တွန်းလိုကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း ကပြောကြားခဲ့ပါတယ်။
နေပြည်တော်က အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဖေဖော်ဝါရီ ၂၇ ရက် မနေ့က ကျင်းပခဲ့တဲ့ ၁၄ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး မှာ ပြောကြားခဲ့တာပါ။
တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ အရေးကြီးတဲ့ကော်မတီဖြစ်တဲ့ UPDJC အနေနဲ့လုပ်ငန်းတွေ ဆောင် ရွက်ရာမှာ မိမိတို့အဖွဲ့ အစည်းတခု၊ လူမျိုးတစုအတွက်သာ မဟုတ်ဘဲ ပြည်ထောင်စုကြီးအရေးအတွက် စဉ်း စားဆွေးနွေးတိုင်ပင်ကြဖို့ တိုက်တွန်းလိုကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောကြားခဲ့ပါတယ်။
UPDJC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ကလည်း ညီလာခံ မကျင်းပနိုင်ဘဲ ရပ်တန့်နေတာ ဟာ နိုင်ငံရေးဆွေးနွေးပွဲတွေကို အဓိက တာဝန်ယူထားတဲ့ UPDJC နဲ့ တိုက်ရိုက်သက်ဆိုင်နေကြောင်း၊ ရှေ့ မတိုး နောက်မဆုတ်နိုင်ဖြစ်နေရတဲ့ အနေအထားကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကြန့်ကြာနေမယ်ဆိုရင် နိုင်ငံ နဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ မှေးမှိန်နေဦးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။