တက္ကသိုလ် ကျောင်းဆောင်တွေ ပြန်ဖွင့်ပေးဖို့ အစီအစဉ်မရှိ

မြန်မာနိုင်ငံမှာ ပိတ်ထားဆဲဖြစ်တဲ့ တက္ကသိုလ် ကျောင်းဆောင်တွေကို ဖွင့်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ ပညာရေးဝန်ကြီးက အမျိူးသား လွှတ်တော်မှာ မနေ့က ပြောကြားခဲ့တယ်လို့သိရပါတယ်။

2011.09.29
university_305_Z.jpg ရန်ကုန်မြို့ရှိ တက္ကသိုလ်တခု၏ ဂိတ်ဝကိုတွေ့ရစဉ်
Photo: AFP

အမျိူးသား ဒီမိုကရေစီ အင်အားစု NDF အမတ်ဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုး က တက္ကသိုလ် ကျောင်းဆောင်တွေကို ပိတ်ထားမယ့် အစား အကျိူးရှိအောင် ကျောင်းသားတွေကို ပြန်လည် နေထိုင်ခွင့်ပေးဖို့ အမျိူးသားလွှတ်တော်မှာ တင်သွင်းခဲ့ရာမှာ ပညာရေးဝန်ကြီးက ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပြောဆိုခဲ့ကြောင်း၊ သူ ကျောင်းသားဘဝက အဆောင်တွေကို ကွန်မြူနစ်တွေ လာစည်းရုံးပြီး ကျောင်းသားတွေ ဆူပူအောင် လုပ်ကြောင်း၊ လုံခြုံရေးက လာတော့ ကျောင်းသားတွေသာ ခံရပြီး ကွန်မြူနစ်တွေ မရှိတော့ကြောင်း၊ အခုလည်း ကျောင်းဆောင်တွေထားရင် သူတို့အတွက် အသင့်ဖြစ်သွားမှာ ဖြစ်လို့ အဆောင်တွေ ပိတ်ထားတာ အကောင်းဆုံးလို့ ပြောသွားတဲ့ အကြောင်း အမျိူးသား ဒီမိုကရေစီသစ်ပါတီ လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

ဒါ့အပြင် ပညာရေး ဝန်ကြီးက တချိူ့ တက္ကသိုလ်တွေမှာ အဆောင်ထားပေးပြီး၊ တချို့ကို မပေးနိုင်ရင် မမျှတရာရောက်မှာ ဖြစ်ကြောင်း၊ မဟာသိပ္ပံနဲ့ မဟာဝိဇ္ဖာတန်း ဘာသာရပ်တွေနဲ့ တက္ကသိုလ်ဆရာတွေ အတွက်ပဲ ကျောင်းဆောင်တွေ ထားပေးနိုင်မှာ ဖြစ်ကြောင်း၊ နိုင်ငံတကာ တက္ကသိုလ်တွေမှာ အဆောင်ထားတဲ့ စနစ်မရှိဘူးလို့ ပညာရေးဝန်ကြီးက ဖြေဆိုသွားတဲ့အကြောင်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။